ခိုးပြေးတော့မယ့် စိုင်းစိုင်းခမ်းလှိုင်

ပို့စ်တင်ချိန် - 5/13/2014 12:53:00 AM


အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဘယ်သူ့ကိုမှန်း မသိ လွမ်းဆွတ်နေမိတဲ့အကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

လွမ်းရတဲ့အရသာကို မနှစ်သက်လို့ ခိုးပြေးမယ် လို့လည်း ဆိုထားပါသေးတယ်။

ဘယ်သူ့ကို လွမ်းနေမှန်းကိုတော့ သူက အရိပ်အယောင်လေးတောင်မှ ဖွင့်မပြောပါ။
နာမည်ကြီးအများစုရဲ့ထုံးစံအတိုင်း သူတို့(နဲ့)ချစ်ကြိုက်နေသူ မည်သူမည်ဝါ ဆိုတာကို သျှိုထားတတ်ပါတယ်။

အခုတော့ စိုင်းစိုင်းရဲ့ပရိသတ်က စိုင်းစိုင်း ဘယ်သူ့ကို လွမ်းနေမှန်း မသိရတဲ့အတွက် ဘာမှန်းမသိတဲ့ရသ ခံစားမိကြမယ် ထင်ပါတယ်။

ခိုးပြေးမယ်လို့ ကြုံးဝါးထားတာ ဘာကြောင့်လဲ။
နှစ်ဘက်  မိဘ သို့မဟုတ် တဘက်မိဘရဲ့ သဘောတူညီချက် မရသေးတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

ပရိသတ်အများအပြားကတော့ ... ခိုးပြေးသင့်ကြောင်း မှတ်ချက်ပြုနေချိန်မှာ
အမျိုးသမီးပရိသတ်တချို့ကလည်း မြန်မြန်လာခိုးဖို့ မှတ်ချက်ပြုကြတာ တွေ့ရမှာပါ။

စိုင်းစိုင်းရဲ့ရေးသားချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


တနေ့သ၌
ကျနော်သည် သူမကိုလွမ်းနေပါ၏
အလွမ်းဆိုတာ ကင်ဆာလိုမျိုး တဖြည်းဖြည်းနဲ့ ပွားလာတတ်ပါသလား
တချို့ အလွမ်းနာတွေက အမြစ်ပြတ်ပျောက်ကင်းပြီး
တချို့အလွမ်းတွေကျ သေလုမျောပါး
တချို့တွေကျတော့လည်း အဖတ်တောင်ဆယ်မရတော့ပါ
ကျနော့်အလွမ်းကရော ဘယ်လိုမျိုးပါလဲ
ငြိမ်ငြိမ်လေးနေလည်းလွမ်းတယ်
လှုပ်ရှားပြီးနေလည်း လွမ်းတယ်
နေပူလည်းလွမ်းတယ်
မိုးရွာလည်းလွမ်းတယ်
ပိတောက်ပန်းတွေ ဝေဆာနေလည်းလွမ်းပါတယ်
ဟာ -- ရှုပ်တယ်ကွာ
ခိုးပြေးမယ်



Irrawaddy