အိမ်အပြန်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း ခံရသူ

ပို့စ်တင်ချိန် - 5/13/2014 11:06:00 AM


စကော့တလန်ရဲ့ မြို့ကြီးဖြစ်တဲ့ Glasgow မှာ အသက် ၃၃နှစ် အရွယ် အမျိုးသမီးတစ်ဦးကို လူသုံးဦးမှ အဓမ္မပြုကျင့်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အမျိုးသမီးဟာ စနေနေ့ မနက် ၃နာရီ အချိန်မှာ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့ချိန် Toryglen ဧရိယာမှာ ရှိတဲ့ Edinbeg Avenue မှာ ယခုလို ဆိုးဝါးတဲ့ တိုက်ခိုက်မှုမျိုး ကြုံတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။

သူမလမ်းလျှောက်နေချိန်မှာ အမျိုးသားတစ်ဦး ကားထဲမှ ထွက်လာပြီး သူမကို လမ်း ဘေးကို ဆွဲခေါ်သွားပြီး ကားပေါ်မှာ ရှိနေတဲ့ နောက်ထပ် အမျိုးသားနှစ်ဦး အပါအ၀င် လူသုံးယောက်မှ အဓမ္မကျင့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသမီးကို ထားခဲ့ပြီး ထွက်ပြေးသွားကြပါတယ်။ အမျိုးသမီးဟာ အိမ်ကိုရောက်အောင် ပြန်ခဲ့ပြီး မနက်လင်းတဲ့ အခါမှာတော့ ရဲစခန်းကို တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသမီးဟာ ဆေးရုံတက်ပြီး ကုသရလောက်တဲ့ အထိ ဆိုးဆိုးရွားရွား ဒဏ်ရာမရပေမယ့် ဒီအဖြစ်အပျက်ကြောင့် စိတ်ထိခိုက်နေတယ်လို့ ရဲများက ပြောပါတယ်။ သံသယရှိသူ သုံးဦးကတော့ အာရှတိုက်သားတွေ ဖြစ်နိုင်ခြေ ရှိပြီး အသက် ၂၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။

ရဲများကတော့ ရနိုင်သမျှ သက်သေအဖြစ် ခြေရာခံနိုင်မယ့် CCTV တွေနဲ့ အခြားအရာတွေကို လိုက်ရှာနေပါတယ်။  Edinbeg Avenue နားမှာ BMW (သို့) ခပ်ဆင်ဆင် အမျိုးအစားထဲက အဖြူရောင် ဒါမှမဟုတ် ငွေရောင် လို အရောင်ဖျော့ဖေျာ့ ကားနဲ့ အာရှတိုက်သား လူသုံးဦး ကို တွေ့မိသူမှန်သမျှ ရဲကို အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။

လူထုကို ပြောချင်တာက မကြာခင် ကျွန်တော်တို့ ယူနီဖောင်းဝတ်ရဲတွေ ထပ်တိုးပြီး တာဝန်ချထားဖို့ ရှိပါတယ်။ ဒီလို နေရာတစ်ဝိုက်မှာ အခုလို အမှုမျိုးက မရှိလောက်အောင် ရှားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဘယ်သူမဆို အကူအညီလိုအပ်လာတဲ့အခါ ၁၀၁ ကို ဆက်သွယ်အကြောင်းကြားနိုင်ပြီး ၀၈၀၀ ၅၅၅ ၁၁၁ ကိုလည်း ဆက်သွယ်နိုင်ကြောင်း နဲ့ အခု တရားခံကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ ကြိုးစားနေပါတယ်လို့  ပြောခဲ့ပါတယ်။

world Myanmar News