ဆေးအတွဲ လေးမျိုးက သေစေနိုင်ကြောင်း သတိပေး

ပို့စ်တင်ချိန် - 5/13/2014 02:19:00 AM


အသက် ၂၀မှ ၅၉နှစ်အကြားရှိ အရွယ်ရောက်ပြီးသူ စုစုပေါင်း၏ ၂၈ရာခိုင်နှုန်းသည် တစ်ချိန်တည်း၌ ဆေးအတွဲများစွာသောက်သုံးရသည့် ကုသမှုကို ခံနေရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၏ စာရင်းဇယားများအရ သိရသည်။

အချို့သည် ဆေးနှစ်တွဲ သို့မဟုတ် သုံးတွဲထိသောက်သုံးနေရပြီး မှားယွင်းသော တွဲစပ်မှုက အလွန်အန္တရာယ်ကြီးမားကြောင်း ရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းဆိုင်ရာပညာရှင် လီယိုနတ်ပူလော့ဇီက ပြောကြားခဲ့သည်။

သူကအောက်တွင် ဖော်ပြထားသော အတွဲအဖက်များကို သတိထားရန်ပြောကြားခဲ့ပြီး ရောမသောက်မီ ဆရာဝန်အား အမြဲတမ်း သေချာစွာမေးရန်လည်း သတိပေးခဲ့သည်။

SSRIS+Opioids
(စိတ်ကျပျောက်ဆေး+အကိုက်အခဲပျောက်ဆေး)

အချို့သော စိတ်ကျပျောက်ဆေးများသည် ဦးနှောက်အတွင်း၌ စီရိုတိုနင်ဟော်မုန်းပါဝင်မှုနှုန်းကို မြင့်တက်စေသည်။ မူးယစ်ဆေးပါသော အကိုက်အခဲပျောက်ဆေးများသည်လည်း အလားတူ အာနိသင်ရှိသည်။ ထို့ကြောင့် စီရိုတိုနင်အလွန်မြင့်တက်သွားပြီး စိတ်ရှုပ်ထွေးခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တတ်ခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းမြန်ခြင်းတို့ဖြစ်သည်။

Opioids+Benzodiazepines
(အကိုက်အခဲပျောက်ဆေး+စိတ်ငြိမ်ဆေး)

ဆေးနှစ်မျိုးစလုံးက နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းကို ကျဆင်းစေနိုင်ပြီး တစ်ခါတစ်ရံ၌ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းကို အလွန်အမင်းကျဆင်းသွားစေတတ်သည်။

Statins+Fluconazole
(ကိုလက်စထရောချဆေး+မှိုသတ်ဆေး)

ဆေးနှစ်မျိုးပေါင်းသည် ကြွက်သားချည့်နဲ့ခြင်း သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည်။

Opioids+ Benzodiazepines+Carisoprodol
(အကိုက်အခဲပျောက်ဆေး+ စိတ်ငြိမ်ဆေး+အကြောလျော့ဆေး)

ဆရာဝန်အများစုက ယင်းဆေးသုံးမျိုးတွဲလျင် သေစေနိုင်ကြောင်း သိပြီးဖြစ်သည်။ သို့သော် လူနာတစ်ဦးအနေဖြင့် မတူညီသောဆရာဝန်များကို ပြသရာမှ သူတို့ပေးသော ဆေးများအားလုံးကို ပေါင်း၍ သောက်လိုက်ခြင်းမျိုး ဖြစ်နိုင်သည်။

Ref: Time
Myanmar Chronicle