ဦးနေ၀င်းဖျက်သိမ်းခဲ့သည့် သာသနာတော်ဆိုင်ရာဥပဒေများ ပြန်လည်ပြဋ္ဌာန်းရန် သီတဂူဆရာတော် တိုက်တွန်း

ပို့စ်တင်ချိန် - 5/13/2014 05:43:00 PM



ပရိယတ္တိသာသနာတော် အရှည်တည်တံ့ပြန့်ပွားနိုင်ရေး အတွက် ဦးနေ၀င်းအာဏာသိမ်း ပြီးနောက် ဖျက်သိမ်းလိုက်သည့် သာသနာတော်ဆိုင်ရာ အက်ဥပ ဒေများကို ပြန်လည်ပြဋ္ဌာန်းပေး ရန် လိုကြောင်း သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရက တိုက်တွန်းလိုက်သည်။

‘‘ဆိုရှယ်လစ်စနစ်နဲ့ တိုင်း ပြည်ကို ချီတက်မယ်ဆိုပြီး ၆၂ ခုနှစ်က ဦးနေ၀င်းအာဏာသိမ်း လိုက်တဲ့အခါ သာသနာတော်နဲ့ ပတ်သက်တဲ့ အက်ဥပဒေတွေ မြောက်မြားစွာကို ဖျက်သိမ်းလိုက် တယ်။ အခုတော့ ခေတ်စနစ် လည်း ပြောင်းလာပြီဖြစ်တဲ့အ တွက် ဒါတွေကို ပြန်လည်ပြဋ္ဌာန်း ပေးဖို့ တိုက်တွန်းပါတယ်’’ ဟု ဆ ရာတော်က မိန့်ကြားသည်။

၁၉ နှစ်ကျော်ကြာ ကျင်းပ နိုင်ခြင်းမရှိဘဲ ယခုနှစ်တွင်မှ ပြန် လည်ကျင်းပခဲ့သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင် သီတဂူဆရာတော်ကြီး ကြွရောက်၍ အဖွင့်သြ၀ါဒ မြွက်ကြားရာ၌ အထက်ပါ အတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

သာသနာတော်ဆိုင်ရာ စာ မေးပွဲများနှင့် ပတ်သက်သော အက်ဥပဒေများဖြစ်သည့် ပါဠိ တက္ကသိုလ် အက်ဥပဒေ၊ ဓမ္မာစရိ ယစာမေးပွဲဥပဒေ၊ ပထမပြန်စာ မေးပွဲဆိုင်ရာ အက်ဥပဒေ၊ နုဂ္ဂဟ တောင်တန်းသာသနာပြု အက် ဥပဒေစသည့် ဥပဒေများကို ပြန် လည်ပြဋ္ဌာန်းပေးရန်လိုကြောင်း သီတဂူ ဆရာတော်ကြီးက မိန့်ကြားသည်။

‘‘အခုလက်ရှိမှာတော့ ဒီအ စိုးရစာမေးပွဲကို အစိုးရအထောက် အပံ့နဲ့ လုပ်နေရတာ။ နောင်တစ် ချိန် အစိုးရအဖွဲ့ အပြောင်းအလဲ မှာ ဒါမျိုးတွေ မလုပ်ပေးတော့ဘူး ဆိုရင် ပရိယတ္တိသာသနာဟာ ရပ် တည်ဖို့ အရမ်းခဲယဉ်းသွားမယ်။ ဥပဒေမရှိတဲ့ လုပ်ငန်းတွေဟာ ဘာအာမခံချက်မှ မရှိဘူး။ ဒါ ကြောင့် ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပြီး အနာဂတ်သာသနာ တော်အတွက် ခိုင်ခိုင်လုံလုံဖြစ် အောင် သာသနာရေးဝန်ကြီးဌာန က တာဝန်ရှိသူတွေက ဆောင် ရွက်ပေးဖို့ တောင်းဆိုပါတယ်’’ ဟု ဆရာတော်ကြီးက ဆိုသည်။

 အဆိုပါကိစ္စရပ်နှင့် ပတ် သက်၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ အစီအမံနှင့်အ ညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး  သံဃမဟာနာယကအဖွဲ့၏ လမ်း ညွှန်ချက်အရ ဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီတဂူဆရာတော်ကြီး မိန့် ကြားသော အက်ဥပဒေများမှာ ခေတ်စနစ်အရ လိုအပ်သော အ ချက်ဖြစ်ပြီး ယခင်က ဖျက်သိမ်း လိုက်သည့် အက်ဥပဒေများကို အခြေခံကာ ခေတ်စနစ်နှင့်အညီ မွမ်းမံပြင်ဆင်ရန် လိုကြောင်း ဂိုဏ်းပေါင်းစုံအစည်းအဝေးသို့ တက်ရောက်လာသည့် စစ်ကိုင်း တိုင်းဒေသကြီးမှ ဘဒ္ဒန္တဂုဏိန္ဒက မိန့်ကြားသည်။

သီတဂူဆရာတော်ကြီးအ နေဖြင့် သာသနာတော်ဆိုင်ရာ ကိစ္စရပ်များကိုလည်း မိန့်ကြား သွားခဲ့ပြီး လက်ရှိကာလတွင် သံဃမဟာနာယကအဖွဲ့အနေ ဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးဟူသော လုပ်ငန်းစဉ်ကြီး သုံးခုအနက် တည်တံ့ရေးနှင့် ပြန့်ပွားရေးကို အလေးဂရုပြု ဆောင်ရွက်သင့် ကြောင်းလည်း မိန့်ကြားခဲ့သည်။

7day daily