သူငယ်ချင်းဖြစ်သူ အထက်တန်းကျောင်းသားကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦး

ပို့စ်တင်ချိန် - 5/13/2014 02:42:00 AM


ယမန်နေ့ တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံ အနှံ့အပြားက ကျောင်းတွေ တက္ကသိုလ်တွေမှာ ဘွဲ့ယူကြသူတွေ အများအပြားရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်ကတော့ အသက် ၁၈နှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာ သူငယ်ချင်းမ နှစ်ဦးရဲ့ အသတ်ခံလိုက်ရတဲ့အတွက် ဘွဲ့မယူနိုင်ခဲ့တဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။

သေဆုံးသူ  Jarret Clark 

လွန်ခဲ့တဲ့ ၈နစ်ကျော် ၂၀၀၆ခုနှစ်မှာ အထက်တန်းကျောင်းသား တစ်စုဟာ အထက်တန်းပြီးဆုံးလို့ ဘွဲ့မယူခင် အကြို အောင်ပွဲခံတဲ့ အနေနဲ့ ခရီးတို တစ်ခု သွားခဲ့ကြပါတယ်။ အဲဒီမှာ အတူခရီးသွားခဲ့ကြတဲ့ Jarret Clark ကို သူငယ်ချင်းများ ဖြစ်ကြတဲ့ Denya Marie Hargrove (အသက် ၂၇နှစ်) နဲ့ Courtney Manzer (အသက် ၂၄နှစ်) တို့က ရေနှစ်ပြီး သတ်ခဲ့ကြပါတယ်။ သူ့ရဲ့ အလောင်းကိုတော့ Fort Gibson ရေကန်မှာ တွေ့ရှိခဲ့ပြီး ဆေးစစ်သူများက ရေနှစ်အသတ်ခံခဲ့ရကြောင်း စစ်တမ်းထုတ်ခဲ့ပါတယ်။ ရေထဲအနှစ် မခံရခင်မှာလည်း သူ့ရဲ့ ဦးခေါင်းအနောက်ဘက်ကို အချက်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရဖွယ် ရျိကြောင်း တာဝန်ရှိသူများရဲ့ မှတ်တမ်းအရ သိရပါတယ်။

Denya Marie Hargrove နဲ့ Courtney Manzer 

ပြီးခဲ့တဲ့အပတ် အစောပိုင်းမှာတော့ Courtney Manzer ကို စတင် ဖမ်းဆီးမိပြီး စစ်ဆေးမှုတွေ  ပြုလုပ်ခဲ့ပြီးနောက်  သောကြာနေ့မှာ   Denya Marie Hargrove ကိုပါ ဖမ်းဆီးမိပြီး သူမတို့နှစ်ယောက်စလုံးကို အကြမ်းဖက် သတ်ဖြတ်မှုဆိုင်ရာ ပထမအဆင့် အနေနဲ့ သတ်မှတ်ပြီး ပြစ်ဒဏ်ချမှာ ဖြစ်ကြောင်း သိရပါတယ်။

World-Myanmar
ref: dailymail.co.uk