မိုး/ဇလ ပညာရှင် ဦးထွန်းလွင်အား ပုံတူပန်းချီ၊ပန်းပု ရေးဆွဲ၍ ဂုဏ်ပြု

ပို့စ်တင်ချိန် - 5/13/2014 06:24:00 PM





ရန်ကုန်၊ မေ ၁၃။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်အား ဂုဏ်ပြုသောအနေဖြင့် ပန်းချီ၊ ပန်းပု အနုပညာရှင်များဖြစ်သော ဦးကျော်ကျော်မင်း
(ပန်းပု)၊ ဦးရွှေမြင့်၊ ဦးသာစန်း၊ ဦးမင်းမောင်မောင်ရွှေနှင့် ဦးစိုးပိုင်တို့က ပုံတူ ပန်းချီ၊ ပန်းပု ရေးဆွဲထုဆစ်မှုကို ယနေ့နံနက် (၁၀း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအထိ လောကနတ်ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။

“ခုလို ပုံတူရေးဆွဲထုဆစ်ပြီး ဂုဏ်ပြုတာ ဆရာဦးထွန်းလွင်က (၄၁)ယောက်မြောက်ပါ။ မိုးလေဝသပညာရှင်တွေထဲမှာတော့ ပထမဆုံးပါပဲ။
ဆရာဦးထွန်းလွင်က သူတတ်ကျွမ်းတဲ့ မိုးလေဝသပညာရပ်တွေနဲ့ နိုင်ငံအပေါ်မှာကောင်းကောင်းအကျိုးပြုနေသူပါ။ ဒါကြောင့် ဆရာ့ကိုလေးစား
သောအားဖြင့် ခုလိုဂုဏ်ပြုဖို့ စီစဉ်ဖြစ်သွားတာပါ” ဟု ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောသည်။



ယခင်က ပုံတူပန်းချီ၊ပန်းပု ရေးဆွဲထုဆစ်၍ ဂုဏ်ပြုခံရသူများတွင် ဆရာဗိုလ်ကလေးတင်အောင်၊ ဆရာမ သန်းမြင့်အောင်၊ ဟံသာဝတီ ဦးဝင်းတင်၊
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ဦးသန့်တို့လည်း ပါဝင်ကြောင်း ၎င်းကပင်ဆက်လက် ပြောခဲ့သည်။

ဓါတ်ပုံ – သီဟသစ်

The Myanma Age