ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းများ

ပို့စ်တင်ချိန် - 5/13/2014 01:50:00 PM


ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဟာ ရီးယဲလ် မက်ဒရစ် ဖြစ်တယ် လို့ Forbes စီးပွားရေး မဂ္ဂဇင်းကြီးက ဖော်ပြ လိုက်ပါတယ်။ စပိန်က ရီးယဲလ် ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဈေးအကြီးဆုံးအသင်း ၁၀ သင်းထဲမှာ အင်္ဂလိပ်အသင်း ၅ သင်းပါဝင်ပြီး မန်ချက်စတာ ယူနိုက်တက်က နံပါတ် ၃ နေရာရှိပြီး ဒေါ်လာ သန်း ၂၈၀၀ လောက် တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။ တခြားအင်္ဂလိပ် အသင်းတွေကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာ စီးတီး နဲ့ လစ်ဗာပူးလ်တို့ ဖြစ်ပါတယ်။

အသင်းအလိုက် တန်ကြေး
၁။ ရီးယဲလ် မက်ဒရစ် (စပိန်) – ဒေါ်လာ ၃၄၄၀ သန်း
၂။ ဘာစီလိုးနား (စပိန်) – ဒေါ်လာ ၃၂၀၀ သန်း
၃။ မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်) – ဒေါ်လာ ၂၈၁၀ သန်း
၎။ ဘိုင်ယန် မြူးနစ် (ဂျာမနီ) – ဒေါ်လာ ၁၈၅၀ သန်း
၅။ အာဆင်နယ် (အင်္ဂလန်) – ဒေါ်လာ ၁၃၃၀ သန်း
၆။ ချဲလ်ဆီး (အင်္ဂလန်) – ဒေါ်လာ ၈၆၈ သန်း
၇။ မန်ချက်စတာ စီးတီး (အင်္ဂလန်) – ဒေါ်လာ ၈၆၃ သန်း
၈။ အေစီ မီလန် (အီတလီ) – ဒေါ်လာ ၈၅၆ သန်း
၉။ ယူဗင်တပ်စ် (အီတလီ) – ဒေါ်လာ ၈၅၀ သန်း
၁၀။ လစ်ဗာပူးလ် (အင်္ဂလန်) – ဒေါ်လာ ၆၉၁ သန်း

credit> BBC