လည်ပင်းဆေးမင်ကြောင်ဖုန်းအတွက် မော်တာရိုလာ မူပိုင်ခွင့်လျှောက်တင်လိုက်ပြီဖြစ်

ပို့စ်တင်ချိန် - 11/29/2013 07:36:00 PM


လူ၏အရေပြား၌ မိုက်ခရိုချစ်ပ်ပြား ထည့်သွင်းမြှုပ်နှံကာ ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန်ပေးမည့် လွန်စွာသေး ငယ်သည့် မိုက်ခရိုဖုန်း နည်းပညာတစ်ခုအတွက် မူပိုင်ခွင့်ကို တရားရုံးသို့ ဦးတိုက်လျှောက် တင်လိုက် ကြောင်း မော်တာရိုလာမှ ပြီးခဲ့သည့် အင်္ဂါနေ့က သတင်းထုတ်ပြန်သည်။

အဆိုပါနည်းပညာကို Neck Tattoo ဟု ယာယီအမည်ပေးထားပြီး လည်ပင်း ကြွက်သားများမှ ထွက်ပေါ် လာသည့် အသံများကို ဖုန်းခေါ်ဆိုသူထံသို့ သွယ်ဝိုက်ကာ ပြန်လည် ပို့လွှတ်စေမည် ဖြစ်သည်။ အသုံးပြုသူ သည် ကြိုးမဲ့ကွန်ရက် သို့မဟုတ် bluetooth ဖြင့် ဆက်သွယ် အလုပ်လုပ်ရမည်ဖြစ်သည်။ Neck Tattoo ကို ကနဦးတွင် တိရစ္ဆာန်များနှင့် စမ်းသပ် အောင်မြင်ခဲ့သည်။ Motorola မှ ပြောကြားခဲ့ရာတွင် တက်တူးအတွင်း သေးငယ်လွန်းလှသော မိုက်ခရိုဖုန်းချစ်ပ် ထည့်သွင်းပေးထားပြီး လူတစ်ယောက်၏ စကားသံဖြစ်ပေါ်စေရာ တွင်၊ သို့တည်း မဟုတ် အသံဖြစ်ပေါ်စေရာတွင် ပေါ်ပေါက်လာတတ်သည့် တုန်ခါနှုန်းနှင့် အသံလှိုင်း အနိမ့် အမြင့် အတက်အကျတို့ ကို တွက်ချက်ကာ ၎င်းနှင့်ကိုက်ညီသည့် အသံကို ပြန်လည် ဖော်ထုတ်ပေးမည်ဖြစ် သည်။

၎င်းမိုက်ခရိုဖုန်းအတွင်း ဆူညံသံများကိုပါ စစ်ထုတ်ပြီးသားဖြစ်စေရမည် ဆိုသည်။ ကြိုးမဲ့ကွန်ရက် သုံးစွဲထား သော လူတစ်ယောက်က ဖုန်းခေါ်ဆိုလိုက်သည့်အခါ ၎င်းလူပုဂ်္ဂိုလ်၏ လေသံကို မိုက်ခရို ဖုန်းက သိရှိပြီး စမတ်ဖုန်းဆီသို့ ဆက်သွယ်ကာ ဖုန်းခေါ်ဆိုမှုကို ပြုနိုင်မည် ဖြစ်သည်။

Mizzima Burmese