ငွေ စက္ကူ တွေ မှာ ဗိုလ်ချုပ် အောင်ဆန်း ပုံ ကို ပြန်လည် ရိုက် နှိပ် ရန် ပြည်သူများ က လိုလား မှု မြင့် တက်

ပို့စ်တင်ချိန် - 11/29/2013 07:41:00 PM


မြန်မာ နိုင်ငံ တွင်း သုံး ငွေ စက္ကူ တွေ မှာ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ပုံ နဲ့  ပြန်လည် ရိုက်နှိပ် ထုတ် ဝေ ပေး ဖို့  ပြည်သူ တွေ က လိုလား နေကြပါတယ်။

၁၉၈၈ ခုနှစ် စစ်အာဏာ သိမ်း ပြီး နောက် ၊ အထူး သဖြင့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ လက် ထက် မှာ ထပ်မံ ရိုက် နှိပ် တဲ့ ငွေ စက္ကူ တွေ မှာ ဗိုလ်ချုပ် အောင်ဆန်း ပုံ မပါ တော့ ဘဲ ခြေင်္သ့ ပုံ တွေ နဲ့  သာ တောက်လျှောက် ထုတ် ဝေခဲ့ ကြ ပါတယ်။

အခု ဦးသိန်းစိန် အစိုးရ လက် ထက် မှာ တော့ ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့  ငွေ စက္ကူ ထုတ် ဝေ ဖို့  လူငယ် အဖွဲ့  တွေ က စစ်တမ်း ကောက် လှုံ ဆော် မှု တွေ ၊ လွှတ်တော် အမတ် တွေ က အဆို တင် သွင်း မှု တွေ ရှိ နေပေမယ့် အစိုးရ ကိုယ်တိုင် က လိုလား ဟန် မပြ ပါဘူး။

၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်း က နေ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့  ဗိုလ်ချုပ် အောင်ဆန်း မွေး နေ့ ထိ ငွေ စက္ကူ တွေ မှာ ဗိုလ်ချုပ် အောင်ဆန်း ပုံ ကို ပြန်လည် ရိုက် နှိပ် ဖို့  လှုံ ဆော် မှု တစ်ခု ကို ကျယ်ကျယ် ပြန့်  ပြန့်  ပြု လုပ် မယ် လို့  လဲ FNG က သိရ ပါတယ်။

၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း နှစ် တရာ ပြည့် မှာ ဗိုလ်ချုပ် အောင်ဆန်း နဲ့  ပတ်သက် ပြီး ကန့် သတ် ခံ ရတာ တွေ ပြန် လည် စီစဉ် နိုင် ဖို့  ငွ စက္ကူ တွေ မှာ ဗိုလ်ချုပ် အောင်ဆန်း ပုံ ကို ပြန်လည် ရိုက် နှိပ် ဖို့  တွေ ကို လွှတ်တော် အမတ် တစ် ချို့  က ဆက် လက် အဆို တင် သွင်း မယ် လို့ လဲ သိရ ပါတယ်။
Freedom News Group(Burma)