အင်တာနက် တီဗီ နည်းပညာအား ဒေါ်လာ သန်း ၅၀၀ ဖြင့် ရောင်းချရန် Intel စီစဉ်နေ

ပို့စ်တင်ချိန် - 11/29/2013 07:37:00 PM


Intelသည် ၎င်း၏ OnCue အင်တာနက် တီဗီ platform အား ဒေါ်လာ သန်း ၅၀၀ ဖြင့်ရောင်းချရန် ဝယ်ယူမည့်သူ လိုက်လံ ရှာဖွေနေကြောင်း Bloomberg ၏ ဖော်ပြချက်အရ သိရသည်။

Intel က နည်းပညာ ထောက်ပံ့ပေးထားသော အွန်လိုင်းအခပေး တီဗီဝန်ဆောင်မှုစနစ် အတွက် ပရောဂျက်ကို လုပ်ဆောင်နေစဉ် အတွင်း အဆိုပါ platform အတွက် set-top box များဖန်တီးထားခဲ့သည့် အပြင် စမတ်ဖုန်း နှင့် tablet များမှ ကြည့်ရှုနိုင်ရန်လည်း မိုဘိုင်း application များကို ဖန်တီးပေးခဲ့သည်။

သို့ရာတွင် Intel ၏ ရည်ရွယ်ချက် ဖြစ်သော အင်တာနက်ပေါ်တွင် ကေဘယ်လ်လိုင်းများနှင့် ယှဉ်ပြိုင်မည့် စနစ်ကို ကုမ္ပဏီက စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် နှစ်ကုန်တွင် ရောင်းချမည့် အစီအစဉ် ပျက်ပြားခဲ့ရသည်။ Verizon ကုမ္ပဏီအနေဖြင့် OnCue ကို ဝယ်ယူရန် Intel နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး Samsung နှင့် Liberty Group တို့ကလည်း နည်းပညာပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ Intel နှင့် ဆွေးနွေးခဲ့ကြသည်။ Intel ကုမ္ပဏီ၏ စီအီးအို Brian Krzanich သည် အမှုဆောင်ချုပ် ရာထူး ရယူပြီးသည့်နောက်ပိုင်း အင်တာနက် တီဗီ ရည်မှန်းချက်ကို ဖျက်သိမ်းခဲ့ပြီး OnCue သည် ကုမ္ပဏီအတွက် အာရုံပျက်ပြားမှုသာ ဖြစ်ကာ အဓိက ဦးစားပေးဖြစ်သော မိုဘိုင်းဈေးကွက် ကိုသာ တိုးတက်အောင် လုပ်ဆောင်သွားမည် ဟု Krzanich ကပြောကြား ခဲ့သည်။

Ref:TheVerge
Internet Journal