တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ အဆင့်မီသော်လည်း စနစ် တကျ ပြန်လည်သင်ကြားနိုင်မှု မရှိဟုဆို

ပို့စ်တင်ချိန် - 11/29/2013 07:41:00 PM


အောင်သက်ကို

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ တက္ကသိုလ် များတွင် ပြဋ္ဌာန်းထားသော သင်ရိုး ညွှန်းတမ်းများမှာ အဆင့်မီသော် လည်း စနစ်တကျ ပြန်လည်ပို့ချ နိုင်မှုမရှိကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။

သင်ကြားနည်းစနစ်များ၊ စာမေးပွဲစနစ်များ အဆင့်မီစေရန် အတွက် နိုင်ငံတကာတွင် ကျင့်သုံး နေသောပုံစံများကို အတုယူသင့် ကြောင်း၊ နိုင်ငံတကာတွင် စာမေး ပွဲမေးခွန်းများ Assignment များ ကို ကျောင်းသားများ စဉ်းစား တွေးခေါ်၍ ကိုယ်တိုင်ရှာဖွေရ မည့် Open Question များဖြင့် မေးသည့်ပုံစံများကဲ့သို့ ပြုလုပ်သင့် ကြောင်း တက္ကသိုလ်ဆရာတချို့က ဆိုသည်။

အရှေ့ပိုင်းတက္ကသိုလ်သမိုင်းဌာနမှဆရာတစ်ဦးက''ကျောင်းသားတွေ တော်အောင်သင်နိုင်ဖို့ဆရာတွေရဲ့စွမ်းရည် ပြည့်နေမှရမှာ။စာတွေဖတ်နိုင်ရမယ်။တော်တဲ့ သူပို့ချမှ တော်တဲ့ကျောင်းသား တွေဖြစ်မှာ မဟုတ်လား။ စာမေးပွဲ မေးခွန်းတွေကို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပုံစံမျိုးတွေဖြစ် ဖို့ သိပ်အရေးကြီးတယ်။

သူတို့ဆီက ပြဿနာတစ်ခုရဲ့ ဖြေရှင်းနည်းမျိုးစုံ ကို ဖွင့်ပေးပြီး မေး ကြတာ။ဥပမာ- သမိုင်းဆိုရင် ပထမကမ္ဘာစစ် ဖြစ် လာရတဲ့အကြောင်း အချက်တွေ က ဘာတွေလဲဆိုပြီး ဖွင့်ပေးထား တယ်။ သူတို့ဆီမှာ Textbook မရှိဘူး။ ကိုးကားတာပဲရှိတယ်။ ဒါကို ကျောင်းသားဘက်က နည်း အမျိုးမျိုးနဲ့ တင်ပြခွင့်ရှိတယ်'' ဟု ပြောသည်။

ဆရာများ၏သင်ကြားရေးစွမ်းရည်မြင့်မားနေစေရန်အတွက်အလုပ်ရုံဆွေးနွေး ပွဲများမှာလည်း အရေးပါကြောင်း၊ ဆရာများ၏ လုပ်ချင်ကိုင်ချင်စိတ် ကိုဖြစ်ပေါ် စေကြောင်း သိရသည်။

Yangon Media Group