တည်နေရာကို လမ်းညွှန်ပေးမယ့် ဂျက်ကက်အင်္ကျီ လာတော့မည်

ပို့စ်တင်ချိန် - 11/29/2013 07:36:00 PM


ဆစ်ဒနီ အခြေစိုက် ဒီဇိုင်းအဖွဲ့တစ်ခုမှ တီထွင်ခဲ့သည့် မိမိသွားလိုသော တည်နေရာ၏ မြေပုံကို ကူညီလမ်း ညွန်ပေးနိုင်သော ဂျက်ကက်အကျီသည် ၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် ထင်ရှားသော Gadget နည်းပညာ တစ်ခုအဖြစ် ရေပန်းစားခဲ့ကြောင်း သိရသည်။ အထင်ကရ မြို့နေရာများသို့ လည်ပတ်လိုသူများ၊ အထူး သဖြင့် ခရီးဝေးသွားလိုသူများအတွက် အထူးအသုံးဝင်မည့် အဆိုပါဂျက်ကက်အကျီသည် တည်နေရာပြ စနစ်ကို သုံးစွဲထားပြီး အင်္ကျီလက်များတွင် တည်နေရာပြယူနစ်ကို ဖော်ပြသည့် မီးအလင်းရောင်များ ပါရှိ သည်။ Wearable Gadget တခုလည်း ဖြစ်လာသည့် ဂျက်ကက်အင်္ကျီသည် ကားမောင်းသွားနေသည့် အခါဖြစ်စေ၊ ဆိုင်ကယ် စက်ဘီးနှင့် အခြားသော ခရီးလမ်းစဉ်တို့အတွက်ဖြစ်စေ တုန်ခါရင်း အလင်းရောင် ပြသ အချက်ပေးမည်ဖြစ်သဖြင့် မြေပုံကို မဖတ်ရှုနိုင်သူများအတွက်လည်း အဆင်ပြေစေသည်။

တီထွင်သူ ဒီဇိုင်နာ ဘီလီဝါးတားဟောက်စ်က အီလက်ထရောနစ် ဆားကစ်နှင့် LED မီးသီးများကို အင်္ကျီ လက်အတွင်းသို့ ထည့်သွင်းခဲ့ရပြီး လိုအပ်သည့်မြေပုံများ တွင် သြစတြေးလျနိုင်ငံမြေပုံ၊ Footh Square နှင့် အွန်လိုင်းတွင်ရှိသော မြေပုံပရိုဂရမ်များစွာတို့ကို ပေါင်းစပ်ထည့်သွင်းထားသည်ဟု ပြောကြားခဲ့သည်။

Mizzima Burmese