ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဦးကျော်သူဘာကြောင့်မပါဝင်သလဲ

ပို့စ်တင်ချိန် - 11/29/2013 03:13:00 PM


28/11/2013

နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား တွေ့ဆုံမေးမြန်းခဲ့ရာ-

မေး - မြဝတီမြို့ကို ရောက်ရှိ လာခဲ့တဲ့ အစီအစဉ်ကို သိပါရစေ။

ဖြေ - မြဝတီမြို့ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးလှထွန်းက သူတို့နာရေး ကူညီမှုအသင်းကြီး ၉ နှစ်ပြည့်ခမ်းအနား ကို တက်ရောက်ပေးဖို့ ဖိတ်ကြားတဲ့ အ တွက် ရောက်ရှိခဲ့တာပါ။

မေး - ၂၀ဝ၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုကျော်သူ ဘယ်လိုအရေးယူခံခဲ့ရ သလဲ။
ဖြေ - ကျွန်တော် (၇)ရက် အဖမ်း ခံခဲ့ရတယ်။ ပြည်ထဲရေးရုံးရယ်၊ အောင် သပြေစစ်ကြောရေးစခန်းရယ် နှစ်နေရာ ရွှေ့ပြီး ထိန်းသိမ်းခံခဲ့ရတယ်။

မေး - ရုပ်ရှင်လောကကနေ လူမှုရေးပရဟိတလုပ်ငန်းတွေ လုပ် ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။

ဖြေ - သံဃာတော်တွေကို ဆွမ်း ကပ်တာနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ အနု ပညာလုပ်ငန်းကို အစိုးရက ပိတ်လိုက် တယ်။ အနုပညာလုပ်ငန်း အပိတ်ခံလိုက် ရတာဟာ ရှေ့တန်းမှာ စစ်သွားတိုက်မဲ့ စစ်သားတစ်ယောက်ကို သေနတ်နဲ့ ကျည် ဆန်တွေ အသိမ်းခံလိုက်ရသလိုပါပဲ။ အနုပညာလုပ်ငန်းတွေ အပိတ်ခံလိုက် ရပြီးတဲ့နောက်ပိုင်း နာရေးကူညီမှု၊ လူမှု ရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင် ဖြစ်လာတယ်လို့ပဲ ပြောရမှာပေါ့။

မေး - ကိုကျော်သူအနေနဲ့ လူမှု ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။

ဖြေ - အရင်အစိုးရလက်ထက်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပခုက္ကူ ရေဘေးကယ်ဆယ်ရေးစတဲ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ခွင့်မပြု တာတွေ၊ စာသင်ကျောင်းဆောက်လုပ် လှူဒါန်းပေးမယ်ဆိုရင်လည်း ပိတ်ပင် တာတွေ ပြောမယ်ဆိုရင်အများကြီးပါပဲ။ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေတော် တော်များ လုပ်ခွင့်မရခဲ့ဘူး။

မေး - ကိုကျော်သူတို့ နာရေး ကူညီမှုအသင်းကြီးအနေနဲ့ ရန်ပုံငွေရ ရှိအောင် ဘယ်လိုရှာဖွေပါသလဲ။

ဖြေ - ကိုယ့်လုပ်အားနဲ့ ကိုယ်ပြပြီး ရှာဖွေတာပါ။ ကိုယ့်လုပ်ရပ်တွေ မှန် ကန်တဲ့အတွက် ပြည်သူလှူ ဒါန်းကြတာ ပေါ့။ ပြည်သူတွေရဲ့ အလှူငွေနဲ့ပဲ ကျွန်တော်တို့ ရပ်တည်နေပါတယ်။
မေး - ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးဖို့ ကိုကျော် သူကို ကမ်းလှမ်းတာကို ကိုကျော်သူ က ငြင်းလိုက်တယ်လို့ သိရတယ်။ ဘာ ဖြစ်လို့ပါလဲ။

ဖြေ - ဗိုလ်ချုပ်ရုပ်ရှင်က တကယ့် ကိုကြီးမားတဲ့လုပ်ငန်းတစ်ခုပါ။ ဒေါ်အောင် ဆန်းစုကြည်ဖွဲ့စည်းပေးထားတဲ့ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအ ဖွဲ့ကို ကျွန်တော်က ရုပ်ရှင်မရိုက်ခင် အာဇာနည် ကုန်းကိုသွားပြီး အာဇာ နည်ကြီးတွေကို တိုင်တည်ပြီးတော့ ရောက်ရာ ဘုံဘဝကနေစောင့် ရှောက် ပါ။ ကိုယ်ကျိုးဖက်ခဲ့ရင်လည်း ထိုက် သင့်တဲ့အပြစ်ပေးပါဆိုပြီး သစ္စာဆိုရ မယ်လို့ ကျွန်တော်ပြောတာကို သူတို့ က လက်မခံဘူး။ နာရေးအသင်းမှာ ကျွန်တော် သစ္စာဆိုပြီးတော့ အမြဲအလုပ် လုပ်တယ်။ ဒီလိုသစ္စာဆိုတဲ့အတွက် အောင်မြင်မှုတွေရတယ်။ အဲဒီမှာ သဘော ထားတွေလည်း လွဲတယ်။ ဒါကြောင့် လူမှုရေးလုပ်ငန်းတွေကလည်း တစ်ဖက် ဖြစ်နေတဲ့အတွက် ကျွန်တော် ခေါင်းရှုပ် မခံချင်တော့ဘူး။ ဒါကြောင့် ငြင်းလိုက် တာပါ။
မေး - ]ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်}ဆိုတဲ့ စာအုပ်ကို ဘယ် လို ရည်ရွယ်ချက်နဲ့ ရေးသားခဲ့သလဲ။

ဖြေ - ၂၀ဝ၁ ခုနှစ် နာရေးကူညီ မှုအသင်း စတင်လုပ်ကိုင်ကတည်းက တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြည်သူ လူထုကိုယ်စား ကျွန်တော်ရင်ဖွင့်ပြီးတော့ ကျွန်တော်ရဲ့ င်္ခေနဘသသု မှာရေးတယ်။ နောက်ပြီး စာစောင်တွေမှာ ထည့်ခွင့်ရ လာခဲ့တယ်။ အဲ့ဒါတွေကို စုပေါင်းပြီးတော့ ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို သတင်းစာ တွေမှာ ကြော်ငြာထည့်ခွင့်မရခဲ့ဘူး။

မေး - ရုပ်ရှင်မင်းသားဘဝမှာ အောင်မြင်ခဲ့တဲ့ ဝမ်းသာပီတိဖြစ်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေမှာ လုပ် ကိုင်နေတဲ့ အောင်မြင်မှုတွေအပေါ် ရရှိနေတဲ့ ဝမ်းသာပီတိဖြစ်မှုတွေကို ဘယ်လိုခြားနားပြီး ခံစားရသလဲ။

ဖြေ - ရုပ်ရှင်လောကမှာတော့ အ များအားဖြင့် မင်းသား၊ မင်းသမီးတော် တော်များများဟာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်ပိုက်ဆံရဖို့၊ ကိုယ့်ပရိသတ်ရှိဖို့ အတ္တ ကြီးစွာနဲ့လုပ်ကြတာပေါ့။ ပရဟိတလုပ် ငန်းလုပ်တာကျ တော့ ကိုယ့်အတွက် ဘာ မှ မရဘူး။ အများအတွက်ပဲ ပေးဆပ်ရ တယ်။ ကိုယ်ရတာက ကုသိုလ်နဲ့ပီတိပေါ့။ ဒါတွေ ကွာခြားတယ်လို့ပဲ ပြောပါရစေ။

မေး - နိုဝင်ဘာ ၂၄ ရက်နေ့က ဆုံဆည်းမြိုင် ကျေးရွာမှာရှိတဲ့ ဗိုလ် ချုပ်ကြီးစောလားပွယ်ကို သွားတွေ့ တယ်လို့ သိရတယ်။ အဲ့ဒါလေး ပြောပြ ပါဦး။

ဖြေ - ဗိုလ်ချုပ်ကြီး စောလားပွယ် က ဖိတ်လို့သွားတွေ့တာပါ။ သူကလူမှု ရေး ပရဟိတလုပ်ငန်းတွေ စိတ်ဝင်စား တယ်။ သူနဲ့တွေ့ပြီး ပရဟိတအကြောင်း တွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကိုလည်း ငွေကျပ် သိန်း (၃၀)လှူလိုက်တယ်။ သာဓုခေါ် စရာပေါ့ဗျာ။

မေး - ရွှေကုက္ကိုလ် ကျေးရွာမှာ ရှိတွဲ့င်္ြ တပ်မှူး ဗိုလ်မှူးချုပ်ချစ် သူကလည်း ကိုကျော်သူကို ဖိတ်ထား တယ်လို့ သိရတယ်။ ဘာအတွက်လဲ ဆိုတာသိပါစေ။
ဖြေ - သူတို့ဆီမှာ နာရေးကူညီ မှုအသင်းဖွဲ့ဖို့ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ကို ဖိတ်တာပါ။ နောက် အဲဒီမှာ ဟောပြောပွဲ လည်း လုပ်ဦးမှာမို့ ကျွန်တော် သွားရောက် ဟောပြောရမှာ ဖြစ်တယ်။
မေး - နိုင်ငံတော်သမ္မတကြီး အနေနဲ့ ကိုကျော်သူတို့ နာရေးအ သင်းကြီးကို အားပေးထောက်ပံ့တာ တွေ ရှိပါသလား။

ဖြေ - သမ္မတကြီးကတော့ ကျွန် တော်တို့ကို အသိအမှတ်ပြုပြီး ဂုဏ်ပြုလွှာ တွေတောင်ပေးတယ်။ ငွေ(၁၀) သိန်း လည်း လှူဒါန်းတယ်။ ဒါပေမဲ့ အောက် ခြေက သမ္မတကြီးရဲ့သဘော အတိုင်း ဖြစ်မလာဘူး။ တချို့နေရာတွေမှာ ပိတ်ပင်တာတွေ၊ တားဆီးတာတွေရှိ တယ်။ တမူးမြို့ကိုသွားတုန်းကဆိုရင် ကျွန်တော်တို့အဖွဲ့ကို တာဝန်ရှိသူတွေက တည်းခိုခန်းမှာ တည်းခွင့်မပေးခဲ့တဲ့အ တွက် ညတွင်းချင်းပဲ ကလေးမြို့ကို ပြန်ခဲ့ ရတယ်။

မေး - ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်၊ မပြင်သင့် ကိုကျော်သူ ဘယ်လိုမြင်သလဲ။

ဖြေ - ကျွန်တော်တို့က လူမှုရေး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတာ ကြောင့် ကျွန်တော်တို့ လူမှုရေးအသင်း အဖွဲ့တွေကို ဥပဒေနဲ့ ချုပ်ကိုင်တယ်ဆို ရင် မသင့်တော်ဘူးလို့ထင်တယ်။ ပုဂံပြည် မှာရှိတဲ့ မနုဟာဘုရားကိုသွားပြီး မြင် ယောင်မိတယ်။ ကျွန်တော်တို့က ပြည်ပ အထောက်အပံ့နဲ့ ရပ်တည်နေရတာဆိုရင်တော့ တစ်မျိုးပေါ့။ အခုပြည်ပအထောက်ပံ့နဲ့ ရပ်တည်နေတဲ့အဖွဲ့တွေက ဥပဒေကိုရေး ဆွဲပြီးတော့ လွှတ်တော်မှာ ဆွေးနွေးတယ် ဆိုတာ သဘာဝမကျဘူး။ ဒီလိုဥပဒေကို ဆွဲတဲ့သူတွေဟာ အလောင်းဘယ်နှစ် လောင်း သင်္ဂြိုဟ်ခဲ့ပြီးပြီလဲ။ လူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်စောင့် ရှောက်မှုတွေ ပေးခဲ့ပြီလဲ။ လက်တွေ့ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ။ အဲဒီလို ပြန်မေးချင်ပါတယ်။

မေးမြန်းသူ- အခုလိုဖြေကြား ပေးတာကို ကျေးဇူးတင်ပါတယ်။

သက်ဦးနိုင်(မြဝတီ)

စောင့်ကြည့်သတင်းဂျာနယ်