မြန်မာတွေကို သတ်တာ မြန်မာပဲလား

ပို့စ်တင်ချိန် - 11/29/2013 03:09:00 PM


မန္တလေး ဆိုတာနဲ့ မြန်မာဘုရင် နောက်ဆုံးမင်းဆက်ရဲ့ အထင်ကရ မင်းနေပြည်တော်ဆိုတာ သိကြမှာပါ။

အဲဒီ မန္တလေးမှာရှိတဲ့ ကျုံး ဆိုတာကလည်း ခေတ်အဆက်ဆက် နယ်ချဲ့လာတဲ့ တိုင်းတပါးသားတွေကို ခုခံကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ သွေးချွေးနဲ့ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျုံး ဆိုတဲ့ အရံအတားအောက်မှာ ကျဆုံးသွားတဲ့ သူတွေကလည်း ကျူးကျော်နယ်ချဲ့လာတဲ့ တိုင်းတပါးသားတွေပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင် ကိုယ့်နိုင်ငံသားအချင်းချင်းသတ်ဖြတ်လို့ မန္တလေး ကျုံးရေပြင်ပေါ် အလောင်းတွေ ပေါ်လာရတယ်ဆိုတာကတော့ နောင် သမိုင်းမှာတော့ ရာဇဝင်ရိုင်းရပါတော့မယ်။ ဘိုးဘေးတွေက ကိုယ့်လူမျိုးအချင်းချင်းသတ်ဖို့ ထားခဲ့တဲ့ ကျုံး ရေပြင်မဟုတ်တာတော့ သေချာပါတယ်ဗျာ။

အခု နောက်ပိုင်းခေတ်မှာ ခေတ်စားလာတဲ့ လူကုန်ကူးတယ်ဆိုတာကရော။ ကိုယ့်လူမျိုးအချင်းချင်းပဲ ယုတ်ယုတ်မာမာ လုပ်စားနေကြတာပဲ မဟုတ်လားဗျာ။

အခုတော့ တဆိတ်ရှိ ကိုယ့်လူမျိုးအချင်းချင်းပဲ သတ်ဖြတ်ယုတ်မာ အပုပ်ချနေကြတာတဲ့ စိတ်ဓါတ်အဆင့်အတန်းမျိုးတွေကို ပြောင်းလဲဖို့ သင့်နေပါပြီ။ နိုင်ငံတော်ရဲ့ စနစ်တွေ ခေတ်တွေ ပြောင်းလဲဖို့ဆိုရင်တော့ အဲဒီ အောက်တန်းကျတဲ့ အခြေခံစိတ်ထား တွေကို စတင်ပြင်ဆင်ဖို့ လိုနေပြီ မဟုတ်ပါလား။

ခရိုနီများအကြောင်း တစေ့တစောင်း