ဦးဝင်းချို နှင့် အပေါင်းအပါ(၆)ဦးအား ထောက်ဒဏ်(၆)လအမိန့်ချမှတ်

ပို့စ်တင်ချိန် - 11/29/2013 07:18:00 PM


ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ နေ့လည်(၂း၀၀)အချိန့်က ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ်တရားသူကြီး ဦးကျော်စိုးမှ ဦးဝင်းချိုပါ(၆)ဦးအနက် ပုဒ်မ ၁၈ အမှုအတွက် ဦးဝင်းချိုနှင့်ရန်ပိုင်စိုး(၂)ဦးကိုသာ ဒဏ်ငွေ(၃၀၀၀၀ိ/-)စီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်(၄)ဦးအား ပုဒ်မ ၁၈ အတွက် ဒဏ်ငွေမပေးဆောင်ရဘဲ၊ ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဦးဝင်းချိုက ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာပါကလည်း နိုင်ငံသားအရေး ကိစ္စများကို သာဆက်လက် ဆောင်ရွက်ဦးမည် ဖြစ်ကြောင်း နှင့် ၄င်းတို့(၆)ဦး အမှုရင်ဆိုင် နေစဉ်ကာအတွင်း ယနေ့အထိချုပ်ရက် ပေါင်း(၉၀)ရက်ရရှိထားပြီ ဖြစ်ကြောင်းလည်း ပဲခူးမြို့နယ် တရားရုံးရှေ့တွင် ပြောကြားခဲ့သည်။

ကိုသန့် ဇင်
thit htoo lwin