ပျောက်သောဖုန်းသည် အနိစ္စ၊ ပြန်ပေးမပေးသည် ကမ္မ ဟန်းဆက်ကောင်းပါ က အမျှအမျှ

ပို့စ်တင်ချိန် - 11/29/2013 03:08:00 PM


နည်းပညာ၏ အရွေ့က လျင်မြန် လွန်းသည်။ယခင်ကအမ်ပီသရီး၊အမ်ပီဖိုး စသည် တို့ကပင် အထူးအဆန်း။ သုံးစွဲ နိုင်သူ လည်းရှားသည့်အပြင် ငေး ၍သာ နေခဲ့ရ သော ပစ္စည်းများ ဖြစ်သည်။ ထို့အတူပင် ဖုန်းဆိုသည် ကလည်းယခင်က ဆယ်သွယ် ရေးစခန်းများတွင်သာ သွားဆက်ကြရပြီး လမ်းဘေး ပီစီအိုဖုန်းကိုပင် မခေါ်တတ်၍ ဝန်ထမ်း က ခေါ်ပေးရသည့် ကာလလည်း ရှိခဲ့ဖူးသည်။ သို့သော် ခေတ်ကြီးက ဤ အတိုင်း မနေ။ ခေတ်မီနည်းပညာများက စက္ကန့်နှင့်အမျှ ပြောင်းလဲတိုးတက်လာ ခဲ့သည်ကို ထိန်းမရ။ ထိုသောအခါ—-

ပြောင်းလဲလာသော အခြေအနေ နှင့်အညီ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်လာ မှုက မြင့်တက်လာခဲ့သည်။ ထိုသို့ဖြစ်လာ စေရန်လည်း မြန်မာ့ ဆက်သွယ်ရေး အနေ ဖြင့်ကြိုး စားခဲ့သည်က မငြင်းသာပါ။ အမြင် သာဆုံး အဖြစ် ယခင်တန်ဖိုး မြင့်ဖုန်းများကို ကျပ် ၁၅ဝဝ နှုန်းမျှလောက် ဖြင့် ရအောင် ဆောင်ရွက်ပေးခဲ့မှုက အသိအမှတ်ပြုရ မည်ဖြစ် သည်။ နောက် ဆက်တွဲအနေဖြင့် မူ လူတို့၏ ရွေးချယ်မှုနှင့် အားကျမှုများက လည်း ပြောင်း လဲလာခဲ့လေသည်။

ယခင်ကတော့ ဖုန်းကိုင်ချင်သည့် စိတ်မျှသာ။ သို့သော် ဖုန်းဈေးများကျ၍ လူအများစု လက်လှမ်းမီလာချိန်မှာတော့ ဖုန်းကိုင်နိုင်ရန်အတွက်အပြင် ဟန်းဆက် ကောင်းေ ကာင်း ကိုင်နိုင်ရေးသည်လည်း တို့အရေးဖြစ် လာခဲ့တော့သည်။

ဟန်းဆက်ကောင်းတစ်ခု၏ အသုံး ဝင်မှုကလည်း အံ့မခန်းမဟုတ်ပါလား။ ဓာတ်ပုံဗီဒီယိုရိုက်သည်က အသေးအမွှား၊ ထို့ထက် ပိုမက်မောကြသည်က အင်တာ နက် သုံးနိုင်ရေးအတွက်ပင်တည်း။ ဟုတ် ပါသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများ နှင့်ပင်အင်တာနက်ဖေ့စ်ဘွတ် အသုံးပြု လာနိုင်ပြီး နောက် လူတို့သည် ဟန်းဆက် ကောင်းေ ကာင်းကို ပိုမက်မောလိုချင်လာ ကြတော့ သည်။ ထို့သောအခါ —

ထိုလောဘစိတ်က အပြစ်မဟုတ် သော်လည်း နောက်ဆက်တွဲ ဆိုးကျိုး ကတော့ တန်ဖိုးကြီးဟန်းဆက်များ၏ အသုံးဝင်မှုနှင့် ဆွဲဆောင်မှုက လူတိုင်းအပေါ်ရိုက် ခတ် လာခြင်းပင်ဖြစ်ပြီး လိုချင် တပ်မက်မှု မတော်လောဘများကူး စက် ပွားများလာခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ငွေကြေးတန်ဖိုးအရပင် ထိုဟန်း ဆက်များက မြိုးမြိုးမြက်မြက် ရနိုင်ခြင်း ကြောင့် ဖြစ်သည်။

ပစ္စည်းဟူသည်ကအမှတ်တမဲ့ ဖြစ် စေ၊မတော်တဆဖြစ်စေ၊ နမော်န မဲ့ကြောင့် ဖြစ်စေ ပျောက်ရှတတ်သလို၊ အခိုးအဝှက် အလစ်သုတ်ခြင်းလည်း ခံရတတ်ပါသည်။ ဟိုးယခင်က ပစ္စည်းတစ်ခုခု ကောက်ရပါ က မိမိပိုင် မဟုတ်ဟူသောစိတ်ဖြင့် ပိုင် ရှင်ထံ ပြန်ပေးနိုင်ရန် ကြိုးစားတတ်ကြ သည်။ သို့သော် ထိုကောက်ရသော သို့ မ ဟုတ်မေ့ကျန်ရစ်ခဲ့သောပစ္စည်းက လက် ရှိလူတို့၏ သည်းခြေကြိုက်ပိုက်ဆံ ပြီး နောက်မက်မော လောက်ဖွယ် ဟန်းဆက် ကောင်းကောင်းနှင့် ဖုန်းဖြစ်နေသော အ ခါ ——။

ထို့ပြင် ထိုဖုန်းပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ရေ အဆုံးကုန်းတစ်ဝက် ဟူ သော မြန်မာစကားအရပင် အပေးအယူ ဆန်သော ပုံသဏ္ဌာန် တစ်ခု ဖြစ်လာသော အခါ ——-။

► တံပိုးထက် လက်ခကြီးခြင်း

ခေါင်းကို ကုတ်သည်။ တောက်တစ် ချက်ပြင်းပြင်းခေါက်သည်။ ရှုံ့မဲ့နေသော မျက်နှာဖြင့် အလိုမကျမှုကိုမည်သို့မှထိန်း ထားမရ ပေါ်လွင်နေသူက ကိုအောင် ဝင်း။ မီးခဲပေါ်တက်ထိုင်ထားသလို ရတက် မအေး ဖင်တကြွကြွ ဖစ်နေသည့် အကြောင်း ရင်းကတော့ သူ့ဖုန်းပျောက်သွား၍ ဖြစ် သည်။ အနှီဖုန်းကို သူပိုက်ဆံပေါ၍ ဝယ် ထားခြင်းမဟုတ်၊ ရပ်ကွက်မှ မဲပေါက် ၍သာ ကိုင်နိုင်ခြင်းဖြစ်ပြီး ဟန်းဆက် အတွက် မဖြစ်ဖြစ်အောင် ခြိုးခြံ စုဆောင်း ထားပြီးကာလအတော်ကြာမှ ဝယ်နိုင်ကာ ကိုင်နိုင်ေ သာ ဖုန်းဖြစ်သည်ဟု သူ့စကား အရ သိရသည်။ ဆင်းကတ်က ကျပ် ၁၅ဝဝ၊ ဟန်းဆက်က ကျပ်ခြောက်သောင်း တန်မို့တတ်နိုင်သူများအတွက် နည်းသည် ဟု ဆိုနိုင်သော် လည်း သူ့အတွက်တော့ ရှိ စုမဲ့စု မဟာ ဆုံးရှုံးမှုဟု ကိုအောင်ဝင်းက ပြောသည်။

ထို့ထက်မူ သူ့ဖုန်းကောက်ရသူကို သိထားသော်လည်း ခုနစ်သောင်းတန် ဖုန်း အတွက်တောင်းထားသည်က သုံးသောင်း။

”ကောက်ရတဲ့ ကောင်ကလည်း ဘယ်ဘဝကတည်းကငတ်နေတဲ့ လူလည်း မသိဘူး။ ရွေးနိုင်ရင်ရွေး ၊ မရွေးနိုင်ရင် ဖုန်းလိုင်းပိတ်ဆို တဲ့သဘောမျိုးဗျာ” ဟု ကိုအောင်ဝင်း က ဒေါသဖြင့် ပြောသည်။

ဤပြဿနာတွင် ဖုန်းကတ်ပျောက် ဆုံးပါက အလွယ်လေးဖြင့် ကတ်ပိတ် လိုက်နိုင်ပြီး ကတ်အသစ်ကို ပြန်လျှောက် နိုင်သည်က အကောင်း ဆိုသော်လည်း ကောက်ရ သူများ က ထိုအချက်ကို အား နည်းချက်အဖြစ် အသုံးချတတ်ကြခြင်းဖြစ် သည်။ထို့သို့ရလျှင်အမြတ်မရလျှင်လည်း ဟန်းဆက်ကို အပိုင်သိမ်းချင်သူများ အ တွက်တော့ ဖုန်းဆင်း ကတ်အပေါ် ဂရု မစိုက်ကြ။ တကယ်တော့လည်း ဖုန်းပျောက် ဆုံးသူအများစုကလည်း ဆင်းကတ်အတွက် ခေါင်းထဲမရှိကြပါ။ သူတို့ ပြန်လိုချင်သည် က ဟန်းဆက် ပင်မဟုတ်လော။

”အိမ်ပြန်ဖို့ ကားစောင့်ရင်းဆူးလေ မှတ်တိုင်မှာ ကျပျောက်ဖူးတယ်။ ကောက် ရတဲ့သူက၂၉ လမ်းက လျှပ်စစ်ပစ္စည်းအ ရောင်းဆိုင်က။ ငွေငါးသောင်းပေးမှ ဖုန်း ပြန်ေ ပးနိုင်မယ်။ ခိုးတာ မဟုတ်ဘူး။ ကောက်ရတာ၊ ရွေးချင် ပိုက်ဆံငါးသောင်း နဲ့လာရွေးလို့ ခပ်တင်းတင်းပြောတယ်” ဟု တန်ဖိုးကျပ် ငါးသိန်းဝန်းကျင်ရှိ ဖုန်း ပျောက်ခဲ့ဖူးသူ အလုံမြို့နယ်မှ မဟေမာန် က သူကြုံတွေ့ခဲ့ပုံကို ပြောပြသည်။

”ကိုယ့်ဖုန်းကလည်း ဒီထက်မက တန်တဲ့အတွက် ငါးသောင်းပေး ရွေးခဲ့ရ တယ်”ဟု မဟေမာန်က ပြောသည်။

တကယ်တော့ သူကတတ်နိုင်သည့် အခြေအနေနှင့် ဖုန်းတန်ဖိုးအရ အဆုံး အရှုံးမခံနိုင်၍ ထိုသို့ ရွေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုငွေပမာဏကို မပေးနိုင်သူ အနေဖြင့် မူ အဆုံးခံရုံအပြင် မရှိ။ ယခင် ကာလများဆီကတော့ ဖုန်းဆင်းကတ် တန်ဖိုးကပင်များပြားသည်။ အနိမ့်ဆုံး သိန်း ၂ဝ၊ ၃ဝ ဝန်းကျင်ဖြစ်ခဲ့ရာ ဆင်း ကတ်ကပင် တန်ဖိုးကြီး သည်။ သို့သော် မျက်မှောက်ခေတ်တွင်တော့ ဖုန်းကတ် ပျောက်ဆုံးမှုပြန်လျှောက်ပါက ကျပ်သောင်း ဂဏန်းဝန်းကျင်ဖြင့် အလွယ်တကူပြန်ရ နိုင်ရာ ဆင်းကတ်ကို အာရုံ မထားကြတော့ ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဟန်းဆက်သည် ဖုန်းပျောက်မှုတွင်အသက် ဖြစ်၍ ကောက်ရသူများအတွက် အချက် ဖြစ်လာခဲ့ခြင်းပင်။

လှိုင်သာယာမှ ကိုလင်းလင်းက လည်း ”ကျွန်တော့်တုန်းက ကားစီးပြီး ကားပေါ်မှာ ကျန်ခဲ့လို့ ဖုန်းပျောက်ခဲ့တယ်။ ကောက်ရတဲ့သူက စီးလာတဲ့ တက္ကစီ သမားဆိုတော့ နေ့မကူးခင်ပြန်ရပေမယ့် ကျွန်တော့်ဖုန်းပြန်ရ ဖို့ နောက်စီးတဲ့ ခရီး သည်နဲ့ ရန်ဖြစ်ပြီး ပြန်ယူခဲ့ရလို့ ကား တောင်သိပ် မဆွဲနိုင်ဘူးဆိုပြီး ငွေခုနှစ် သောင်းတောင်း လို ပေး ခဲ့ရတယ်” ဟု သူ ကြုံခဲ့ရပုံကို ပြောသည်။

► တစ်ဦးချင်းနှင့်ဆိုင်ပါသည်

တကယ်တော့ ဖုန်းပျောက်တိုင်း ပြန် မရတတ်သလို ပြန်ပေးသူတိုင်း ကလည်း ငွေမတောင်းတတ်ပါ။ ဤအရာက တစ်ဦးချင်း၏ စိတ် ဓာတ်အသိ တရားနှင့်ဆိုင်ပြီး ရိုးသား မှုနှင့်လည်း သက်ဆိုင်ပါသည်။ တစ်နေ ရာရာတွင် မတော်တဆကောက်ရပြီး ပိုင်ရှင်ထံဆက်သွယ်စုံစမ်းကာ မည်သည့် မျှော် လင့်ချက် အကျိုးအမြတ်မျှ မထားဘဲ ပြန်ပေး သူများလည်းရှိသည်။ တကယ် တော့ ဖုန်းတစ်ခုတွင် သူချထားသော လုံခြုံရေးပတ်စ်ဝါ့ဒ် (Password) နှင့် ပက်တမ် (Pattern) အရ အလွယ်ဖွင့်ရန် ရုတ်တရက်ခက် မည် ဖြစ်သော်လည်း ယခုအခါတော့ ထိုကိစ္စက ဖုန်းဆိုင်များ အတွက် အပေါ်ယံကိစ္စမျှပင်။ ဖုန်းပက် တမ် အမျိုးမျိုးဖွင့်ပေးသည်ဟူသော စာများကပ်၍ ထားသည်အထိ လုံခြုံရေး က ‘ကလေးကွက်’ ဖြစ်ခဲ့ပြီ။ သို့သော် လူတို့၏ စိတ်အလှတရားက အပြီးတိုင် ပျောက် ပြယ်သွားသည်တော့ မဟုတ်။

”ရန်ကင်းစင်တာကနေ ပုဇွန် တောင်ဈေးငှားတဲ့ ခရီးသည်တစ်ယောက် ရဲ့ဖုန်း ကားပေါ်မှာ ကျန်ခဲ့ဖူးတယ်။ ဒါ တောင် ၃ မှတ်တိုင်လောက် ရောက် မှ နောက်ထပ်ကားငှားတဲ့ ခရီးသည်ကပြော လို့ သိရတယ်။ ဒါနဲ့ ပုဇွန်တောင် ဈေးမှာ ပြန်စောင့်ပြီးဖုန်းခေါ်တာကိုစောင့်တယ်။ ဖုန်းဝင် လာတော့ နေရာ မေးပြီးပြန်ပေး လိုက်တယ်။ ငွေမတောင်းပါ ဘူး။ ပျောက် တဲ့သူကတော့ ဆီဖိုးဆိုပြီး ပေးတယ်” ဟု တက္ကစီဒရိုင်ဘာတစ်ဦး က ပြောသည်။

ဖုန်းများ အပျောက်များတတ်သည် က တက္ကစီများပေါ်တွင် ဖြစ်တတ်သည်။ အိတ်များထဲမှ နမော်နမဲ့ ပြုတ်ကျ၍ ဖြစ် စေ၊ဘေးတွင်ချ ထားပြီး မေ့သွား ၍ ဖြစ်စေ ကျန်ရစ် တတ်သည်က များသည်။ အခြား သောသတိမေ့လောက် စရာ အရေးကိစ္စများ ကလည်း ရှိနိုင်သည် မဟုတ်လား။

”အလုပ်ကိုသွားရင်းနဲ့ ခေါင်းမူးလို့ မှိန်းလိုက်လာတာ။ ပထမဖုန်းကို တစ် ချက်ကြည့်လိုက်သေးတယ်။ နောက်ပိုင်း သတိမရ တော့ဘူး။ နေမကောင်း တာနဲ့ ရုံးရောက်ေ တာ့ဆင်းလိုက်တယ်။ အလုပ် မှာခေါင်းနည်းနည်းသက် သာတော့မှ ဖုန်း ကိုသတိလည်းရရော ဘယ်မှာကျန် ခဲ့မှန်း တောင် မသိတော့ပါဘူး” ဟု ဆမ်ဆောင်း ဂလက်ဆီနုတ် တူး ဟန်းဆက် နှင့် ဖုန်း ပျောက်ခဲ့သည့် မာကက်တင်း ဝန်ထမ်း တစ်ဦးဖြစ်သူ မဝေဝေ က ပြောသည်။

”ပထမခေါ်တော့ စက်ပိတ်ထား တယ်။ နောက် ခဏခဏ ခေါ်တော့ ဝင်သွားတယ်။ အဲဒီတုန်းကတော့ သူ့သူ ငယ်ချင်း ကောက်ရထားတာကို သူက ယူပေးထား တယ်။ ပြန်ဆက်မယ်လို့ ပြောပြီး လုံးဝ အဆက်အသွယ်မရတော့ တာ”ဟု သူက ဖြစ်ပုံကိုပြောသည်။

ထိုကဲ့သို့ အဆက်အသွယ်ရစဉ်က သူတို့အနေဖြင့် အမှန်အတိုင်းပင် ဟန်း ဆက်ပြန်လိုချင်သည့်အကြောင်းပြောမိခဲ့ကြပြီး ထိုစဉ်က ဆမ်ဆောင်းနုတ် တူး စပေါ် စဖြစ် သဖြင့် ငါးသိန်းကျော်တန်ဖိုး ရှိသော ဟန်းဆက်အတွက် အလွန်နှမြောမိ၍ပြော ခဲ့ခြင်းက သူတို့အမှားဟု ယူဆကြသည်။

”တကယ်လည်း နှမြောတယ်ဗျာ။ ကိုယ်လည်း ဒါမျိုးထပ်လည်း ဝယ်နိုင်မှာ မဟုတ်ဘူး။ ကိုင်ရတာလည်းဘယ်လောက် မှမကြာသေးတော့ အဲဒီ ဟန်းဆက်ကို အဓိက ထားပြောလိုက်မိတာက ဒီဟန်း ဆက်တန်ဖိုးရှိတာကို ပိုသိသွားစေတာလား။ ကောက်ရထားတဲ့သူကပဲ ဖုန်းအကြောင်း သိနေလို့ ပြန်မပေးတော့ တာလည်းဖြစ်နိုင် ပါတယ်”ဟု မဝေဝေ ၏ အမျိုးသားဖြစ်သူ က နှမြောတသဟန်မပြေသေးသည့်ပုံဖြင့် ပြောခဲ့သည်။

ဖုန်းပျောက်ခဲ့သူကြည့်မြင်တိုင်သား တစ်ဦးကတော့ ကံကောင်းပါသည်။

”ဘယ်လိုကျသွားတယ် မသိဘူး။ ပျောက်ပျောက်ချင်း ဖုန်းကိုဆက် တယ်။ ခေါ်တယ်မကိုင်ဘူး။ ဒါပေမဲ့ ကံကောင်း ပါတယ်။ သူတို့စိတ်ဓာတ် ကိုလေးစားတယ်။ ဖုန်း ကိုင်တော့ ဆိပ်ကမ်းသာ လမ်းထိပ်မှာ ကောက်ရ ထားတယ်။ ဒါပေမယ့် အခုသူ တို့ ၃၈ လမ်းမှာ ဒိန်ချဉ်သောက်နေတယ် တဲ့။ အဲဒါနဲ့ ချက်ခြင်းသွားယူလိုက်တယ်”ဟု သူက ပြောပြသည်။

ဖုန်းကတော့ ပြုတ်ကျသည့်အရှိန် ဖြင့် မှန်ကွဲနေခဲ့ပြီး ကောက်ရသည့် နေ ရာအရ ကားဖြတ်သန်းသွားလာမှုများ၍ ထိခိုက်မိခြင်းလည်း ဖြစ်နိုင်သည်ဟု သူ က ပြောသည် ။

”အဲဒီကိုရောက်တော့ အစ်ကို့ဖုန်း သေချာလားမေးပြီးပြန်ပေးပါတယ်။ ဘာမှ လည်းမတောင်းဘူး။ မပြောဘူး။ ယောက်ျား လေး ၂ ယောက်ပါ။ သူတို့ စိတ်ဓာတ်ကို လေး စားလို့ ဒိန်ချဉ်ဖိုးတော့ သူတို့တားတဲ့ ကြားက ရှင်းပေးလိုက်တယ်။ အင်းဗျာ — ဒီနိုင်ငံမှာ ဒီလိုစိတ် ထားမျိုးလူတိုင်း ရှိ စေချင်တယ်”ဟု သူက ပြောပါသည်။

► ပျောက်သူအပြစ် ပြန်ပေးသူအနှစ်

”Huawei ဟွာဝေး ဟန်းဆက်နဲ့ တွဲပြီး ငါးသိန်းတန်ဖုန်းတစ်လုံးကောက်ရ ခဲ့ဖူးတယ်။ ရရချင်းတော့ လောဘတက် မိတာနဲ့ ဖုန်းပိတ်ထားမိခဲ့တယ်။ သုံးရက် လောက် ကြာပြီးမှ စိတ်နည်းနည်းပြောင်း ပြီး ဖုန်းပြန်ဖွင့်ခဲ့တယ်”ဟု ပွင့်လင်းစွာ ဝန်ခံပြောခဲ့သူက မြောက်ဥက္ကလာမှ ဖုန်း ကောက်ရဖူးသူ ကိုစိုးဖြစ်သည်။

”ဖုန်းဝင်လာရင်တော့ပြန်ပေးမယ်။ ကိုယ်ကတော့မခေါ်ဘူး။ ကံတရားပဲလို့ ဆိုပြီးနေခဲ့တယ်။ ဖုန်းမဝင်လာဘူး။ ဒါနဲ့ ဖုန်းကိုခေါ်ကြည့်တော့ လိုင်းက ပိတ်နေ ပြီ။ ဒါနဲ့ပဲ ဟွာဝေးဟန်းဆက်တစ်လုံး ရဖူး ခဲ့ပါတယ်”ဟုသူ ကစကားအနားသတ်သည်။

တကယ်တော့ မည်သူမဆို မိမိ ပစ္စည်းပျောက်ရှသည်နှင့် ပူပန်ကြပါလိမ့် မည်။ နေမထိထိုင်မသာ စိတ်ဒုက္ခရောက် ရမည်ဖြစ်သည်။ ကြုံတွေ့ကြား သိရသမျှ ဖုန်းပျောက် ဇာတ်လမ်းအများစုတွင်ကောက် ရသူများက ဖုန်းအကြောင်းကို နားလည် သူများသာ ဖြစ်နေပုံကလည်း လူထုကြား မိုဘိုင်းဖုန်းနှင့် မည်မျှယဉ်ပါးအကြောင်း သိနေပြီဆို သည်ကို ခန့်မှန်းနိုင်သည်။ ဤ အချက်က အဓိက ဖြစ်သည်။

ဟန်းဆက်တန်ဖိုးများကို သိနေကြ ခြင်းနှင့်အဆင့်မြင့်နည်းပညာသုံး Touch Screen ဖုန်းများ၏ ဆွဲဆောင်မှု အရ လည်း လိုချင်တပ်မက်မှုလောဘ စိတ်က ကိုယ့်ပ စ္စည်းမဟုတ်ပါက ပိုင်ရှင်ထံ ပြန် ပေးရမည်ဟူသော ကျင့်ဝတ်တရားကို အက်စစ်ကဲ့သို့စားစေနိုင်ခဲ့ပြီလား မသိနိုင် ပါ။ ဖုန်းပျောက်သည့်အခါ သို့မဟုတ် ခါး ပိုက်နှိုက်ခံရ သည့်အခါ ရဲစခန်းသို့ တိုင် ကြားမည့်သူ ရှားပါသည်။ ပျောက်သည် ဆိုကတည်းက အဓိကမှာ မိမိ၏ ပေါ့ဆမှု ဟုပင် လူတိုင်းလက်ခံကြသည့်အတွက် အလုပ်နိုင်ဆုံးမှာ
ထိုဖုန်းအား ဆက်သွယ် ကြည့်ခြင်းဖြစ်ပြီး အဆက်အသွယ်ရပါက ပြန်ပေး ရန်ညှိနှိုင်းခြင်းပင် ဖြစ်သည်။ ထို့ အတွက် ခိုးဝှက်ခြင်းမဟုတ်ဘဲ ကောက် ရ ခြင်းတွင် အရေးယူ ရန် ဥပဒေသ မရှိပါ။ ထို့အတွက်ပင် ဤဖုန်းပျောက် အဖြစ် အပျက်များတွင် ဤပုံဤနည်းအတိုင်း စခန်းသွားနေကြခြင်း ဖြစ်သည်။

ဟန်းဆက်ကောင်းကောင်းကို ပိုမို သုံးစွဲချင်လာသည်နှင့်အမျှ အရင်းအနှီး ကလည်း ပိုကြီးလာပါသည်။ ထို့အတွက် ပျောက်ဆုံးပါကလည်း တန်ဖိုး အရ ပြန် ရနိုင်ခြေက ပို၍နည်းလာသည်လည်း အ မှန်ပင်။ အနည်း ဆုံးပြန်ရောင်းစားလျှင် ပင် ဝယ်ယူသူလည်း အချောင်ဈေးနှင့် ရ၊ ကောက်ရသူလည်း ပွမည်မဟုတ်ပါလား။

တကယ်တော့ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများ လူတန်းစေ့နီးပါးသုံးစွဲနိုင် လာခြင်းသည် အားသာချက်၊ တိုးတက်မှု တစ်ခုဖြစ်လာသည့်နည်းတူ လူတို့၏ကိုယ် ကျင့်တ ရားနှင့် စိတ်ဓာတ်များကို စမ်းသပ် သည့်အနေအထားလည်း ဖြစ်လာခဲ့ပြီဖြစ် သည်။

”ကျွန်မ ကျောင်းသွားရင် လမ်းမှာ ဖုန်းကျပျောက်သွားတုန်းက ထူပူသွားတာ ပဲ။ ဆက်တယ်။ မကိုင်ဘူး။ တစ်ခါ တစ် ခါပိတ်ထားတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျ ကိုင်တယ်။ ဘယ်လိုဖြစ် လာလဲဆို တော့သူ့ ကို ပြန်ပြန်ခေါ်ခိုင်းပြီးအီစီကလီ တွေ ပြောနေရောလေ” ဟု ပြည် မြို့ တွင် ကျောင်းတက်ရင်းတစ်မျိုးတစ်ဘာသာ ဆန်း ကြယ်စွာကြုံရသော မခိုင်က ပြောပြသည်။

သူကြုံခဲ့ရသည်ကတော့ တစ်ဖက် မှကောက်ရသည့်လူငယ်က ဖုန်းလုံခြုံရေး ပတ်တမ်ကိုမဖွင့်တတ်ဘဲ ဖုန်းပါဝါဖွင့်ပါ က မြင်ရသည့် မခိုင်၏ပုံ ကိုသဘောကျ ကာ ပြန်ပေး ပါကမမြင်ရစကား မပြောရတော့ မည်စိုး ၍ ပျောက်ပြီးနောက်ညတိုင်းစကား လှမ်းပြောပေးခိုင်းခြင်းပင်တည်း။

ကြာတော့ တမင်လူပါးဝသလို ဖြစ် လာတယ်။ ကျွန်မကလည်း အိမ်ထောင် သည်ပါ။ သူကအပျိုထင်ပြီး ဒီလို လုပ်နေ တော့ မဟုတ်မှန်းသိရင်ဆုံးမှာ စိုးတော့ ချော့ေ မာ့ပြောနေရတာကို သိက္ခာကျသလို ခံစားလာရ တယ်။ နောက်ဆုံးပိုက်ဆံ ဘယ် လောက်ပေးပါဆိုရင်တောင် ပေးရမှာပါ။ အခုကျ ကိုယ့်ဖုန်းလည်း ကောက်ရတာမှန် တယ်။ ပိုင်ရှင်လည်းသိနေပြီ ။ ဒါကိုမှ အီ နေတာလေ။ ဒီတော့ ဒါဟာ သိရက်တမင် လုပ်တာမို့ အနုကြမ်းစီး သလိုခံစားလာမိ တယ်”ဟု ထိုစဉ်က ခံစားခဲ့ရမှုကိုသူက ပြောပါသည်။

ဇာတ်သိမ်းသောအခါ လူချင်းတွေ့ ကာ ပြန်ပေးမည်ပြောသောနေ့တွင် သူ တို့သူငယ်ချင်းများနှင့် နောက်ယောင်ခံ လိုက်ကြရင်း ကောက်ရသူလူငယ်မှာ စက် ရုံတစ်ရုံမှ လုပ်သားဖြစ်နေရာ စက်ရုံမှူး သိရှိသွား၍ အလုပ်ပြုတ်သည် အထိကြုံ သွားရကြောင်း မခိုင်က ပြောသည်။

”စက်ရုံရောက်တော့ စက်ရုံမှူးသိပြီး ဆူပူပြောဆိုတော့ ပြန်ရပါတယ်။ အလုပ် ဖြုတ်မယ်လို့လည်း ပြောတယ်။ ကျွန်မ လည်းသူကနယ်ပြန်တော့ မယ်ဆိုလို့ ၂ဝဝဝဝ ထုတ်ပေးလိုက်ပါတယ်။ အစောပိုင်း က တည်းကသာ သူဒီလိုမလုပ်ရင် ဒီထက်သူ ပိုရနိုင်သလို အလုပ်လည်း ပြုတ်မှာ မဟုတ်ပါ ဘူး”ဟု မခိုင်က ပြောသည်။

ဤကဲ့သို့ အဖြစ်အပျက်မျိုးစုံကဆက် ၍ ဖြစ်ပျက်နေဦးမည်သာ။ နည်းပညာ တိုးတက်မှုအရလည်း ပို၍ကောင်းမွန် ဆန်းသစ်သော ဟန်းဆက်များ ထွက်ပေါ် လာဦး မည် ဖြစ်သလို အသစ်ကိုတပ်မက် သော လူ့သဘာဝ အရလည်း ဝယ်ယူသုံး စွဲကြပါဦးမည်။ ထိုသောအခါ မတော် တဆဖြစ်စေ။ နမော်နမဲ့ဖြစ်စေ ထင်မှတ် မထားဘဲ ပျောက်တတ်ကြပါဦးမည်။ အရင်း စစ်တော့ အမြစ်မြေက ဆိုသလို အဓိကတရားခံကတော့ ကာယကံရှင်များ ပင်ဖြစ်ပြီး အကောင်းဆုံးကာကွယ်မှုက တော့ မပျောက်ေ အာင်သတိ ထားမိရန်မှ လွဲ၍ အခြားနည်းမရှိပါ။ ထို သို့မဟုတ်ပါ က ပျောက်သော ဖုန်းသည်အနိစ္စ၊ ပြန်ပေး မပေးသည် ကမ္မ၊ ဟန်းဆက်ကောင်းပါက အမျှအမျှဟုသာ ဆိုရပါတော့မည်။

အောင်ဇော်၊ ခိုင်နွယ်ဦး ၊ဇေဝေယံ
အောင်ခွန်းဆက် စုစည်းရေးသားသည်။

Popular Myanmar News Journal