ပျောက်ဆုံးလေယာဉ်ပေါ်တွင် ပါဝင်သွားသူများ၏မိသားစုများ မလေးရှားသံရုံးကို တိုက်ခိုက်ရန်ကြိုးပမ်းမှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/27/2014 12:12:00 PM


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ယမန်နေ့တွင် ယခုလ ၈ ရက်က ပျောက်ဆုံး သွားခဲ့သော မလေးရှားလေကြောင်းပိုင်
၏ လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတစ်နေရာ တွင် ပျက်ကျခဲ့သည်ဟုအတည်ပြုခဲ့ပြီးနောက် အဆိုပါလေယာဉ်ပေါ်၌ ပါရှိသွားသူများ၏ မိသားစုဝင်များသည် ပေကျင်းမြို့ရှိ မလေး ရှားသံရုံးကိုတိုက်ခိုက်ရန် ကြိုးပမ်းမှုပြုလုပ် ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကယနေ့ဖော် ပြသည်။
လေယာဉ်ပေါ်၌ ပါရှိသွားသူများ၏ မိသားစုဝင်များသည်
လေယာဉ်ပျက်ကျ ကြောင်း အတည်ပြုနိုင်သည့် ခိုင်မာသော အထောက်အထားများထုတ်ဖော်ပြသရန် မလေးရှားအစိုးရထံတောင်းဆိုခဲ့သည့်အပြင် လေယာဉ်ပျောက်ဆုံးမှုအပေါ်မလေးရှားအစိုးရ ၏ ဆောင်ရွက်မှုများမှာ နှောင့်နှေးမှုများရှိ ခဲ့သည့်အပြင် တာဝန်ခံမှုနည်းပါးစွာပြုလုပ် ခဲ့သည်ဟု စွပ်စွဲကာ ပေကျင်းမြို့ရှိမလေးရှား သံရုံးကိုတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ် သည်ဟုသိရသည်။
ပေကျင်းမြို့ရှိ ဟိုတယ် တစ်ခုတွင် စုရုံးတည်းခိုနေသော အဆိုပါ မိသားစုဝင်များသည် မလေးရှားသံရုံးရှိရာ သို့ အငှားယာဉ်များဖြင့် လာရောက်ခဲ့ရာ တရုတ်ရဲတပ်ဖွဲ့ဝင်များက အငှားယာဉ်များ ကို တားဆီးထားခဲ့သော်လည်း ၄င်းတို့သည် ခြေကျင်လျှောက်၍ မလေးရှားသံရုံးရှိရာသို့ သွားရောက်ခဲ့သည်ဟုဆိုသည်။ ဒေါသပေါက် ကွဲနေသော အဆိုပါမိသားစုဝင်များသည် မလေးရှားသံရုံးအတွင်းသို့ရေသန့်ဘူးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အပြင် သံရုံးအတွင်းဝင်ရောက်ရန် အားထုတ်မှုများ ရှိခဲ့၍ သံရုံးစောင့်လုံခြုံရေးအဖွဲ့များက တား ဆီးခံရသည်ဟု မျက်မြင်များကပြောသည်။ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှီဟန်ရှန်း က မလေးရှားအစိုးရအနေဖြင့် လေယာဉ်ပျက် ကျကြောင်း သက်သေပြနိုင်မည့် အထောက် အထားများတရုတ်အစိုးရထံ ပေးပို့ရန်တောင်း ဆိုခဲ့သည်ဟုသိရသည်။
အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပျောက်ဆုံး လေယာဉ်၏အစိတ်အပိုင်းများဟု ယူဆရ သော အရာများကိုဆယ်ယူရန် ကြိုးစားနေ သော သြစတြေးလျရေတပ်သည် ယနေ့တွင် ရာသီဥတုအခြေအနေဆိုးရွားလာခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထား လိုက်ရသည်ဟု ဘီဘီစီကဖော်ပြသည်။
The Union Daily