မလကာသီးစားရာမှ အစာအဆိပ်သင့်၍ ကလေးငယ်တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 3/27/2014 02:04:00 AM


သတင်း၊ ကိုတိုးကြီး
ဝန်းသို၊ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယခုလ ၂၃ ရက်နေ့မနက် ၈ နာရီခွဲက အစာအဆိပ်သင့်ရောဂါဖြင့် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့မရဲစခန်းမှ ဒုရဲအုပ် သောင်းတင်နှင့်အဖွဲ့သည် မှုခင်းဆေးပညာအရ အဆိုပါ အစာဆိပ်အဆိပ်သင့်သူအား စီစစ်နိုင်ရန် ၀န်းသိုပြည်ဥူ့ဆေးရုံးသို့သွားရောက်ခဲ့ရာ သေဆုံးသူသည် ၀န်းသိုမြို့နယ်၊ ဖီလေးကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ မထူး အသက်(၂)နှစ်ခြောက်လ ဆိုသူဖြစ် ကြောင်း သိရသည်။
သေဆုံးသူ၏မိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်း၏ ပြောပြချက်များအရ တောထဲရှိ မလကာပင်ပင်ပေါ်မှ ရွှံ့မြေထဲသို့ကြွေကျနေ သည့် မလကာသီးများကို ထိုကလေးငယ်မှကောက်စားခဲ့ပြီးနောက် မိနစ်အနည်းအကြာတွင် ပါးစပ်မှ အမြုတ်များထွက် ရှိလာသည့်အတွက် ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် ၀န်းသိုမြို့မရဲစခန်းက ယခုလ ၂၄ ရက်နေ့တွင် သေမှုသေခင်းအမှတ်စဉ် ၃/ ၂၀၁၄အရ အမှုဖွင့် ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း