Review: iOS 7.1

ပို့စ်တင်ချိန် - 3/27/2014 03:38:00 PM


ကျွန်တော်တို့ MCG  က စာဖတ်ပရိသတ်တွေအတွက် Apple ရဲ့ နောက်ဆုံးထုတ် iOS 7.1 ဗားရှင်း ကို Review ဖော်ပြပေးလိုက်ပါတယ်။

New Power Off UI
ပါဝါ အဖွင့်အပိတ် ခလုတ် က user interface အသစ် နဲ့ ဖြစ်လာပါမယ်။ နေရာရွှေ့လိုက်သလို ကိုယ်ရဲ့ အဖွင့်အပိတ်ခလုတ်ကို ငြင်းပယ်ခွင့် ပါ ရှိလာပါတယ်။

New HDR Auto Mode
အရည်အသွေးမြင့် ဓာတ်ပုံတွေကို အလိုအလျောက် ရိုက်ယူနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။

Button Shapes
ခေတ်သစ်ဖုန်းတွေမှာ သုံးစွဲသူကို စိတ်အနှောက်အယှက် အပေးနိုင်ဆုံး က Button Shapes တွေပါပဲ။ အခု iOS 7.1 မှာ Layer နှစ်ခု ပေါင်းထားတဲ့ ဒီဇိုင်း ပုံစံမျိုး တည်ဆောက်ထားပြီး မလိုအပ်တဲ့ Layer ကို မှိန်ဖျော့ထားစေတဲ့ စိတ်ကူး အိုင်ဒီယာပါ။

Calendar is More Useable
Calendar နဲ့ Accessibility Tools တွေ အပိုင်းမှာ Features အသစ်တွေ ထည့်သွင်းလာတာ တွေ့ရပါမယ်။ တစ်ရက်ချင်းအလိုက်  ပြက္ခဒိန် ဟာ နိုင်ငံအလိုက် အားလပ်ရက်တွေကိုပါ ကြည့်ရှုလာနိုင်ပါပြီ။

Speedy Animations
သက်ဝင်လှုပ်ရှားမှု Animations တွေကိုပဲ ဖြစ်ဖြစ်၊ ဗွီဒီယို လုပ်ဆောင်မှုအပိုင်းတွေကို ပဲ ဖြစ်ဖြစ် ပုံမှန်ဇာတ်ကားတွေကို သမားရိုးကျ ဖုန်းတွေတောင်မှ ကောင်းကောင်း ဖော်ပြပေးနိုင်ပါတယ်။ အခု iOS 7.1 မှာ အဲဒီထက် တဆင်မြင့်သွားပါပြီ။ Folder တွေ ဖွင့်တဲ့အခါ၊ ပိတ်တဲ့အခါ ရွှေ့တဲ့အခါ လုပ်ဆောင်ချက်အသစ်တွေ လုပ်ဆောင်တဲ့အခါ၊ icon တွေနဲ့ folder တွေကို Multitasking ပြုလုပ်လိုတဲ့အခါတွေမှာ အလွန်မြန်ဆန်ပြီး ညက်ညောတဲ့ လုပ်ဆောင်မှုမျိုး ကို ရရှိမှာ ဖြစ်တဲ့အပြင် Animation အနေနဲ့ပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Digital World Clock
နိုင်ငံတကာ နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့သူတွေအတွက် စိတ်ဝင်စားစရာ Feature ပါ။ ကိုယ်ရဲ့ ဒေသစံတော်ချိန် နဲ့ အတူ နိုင်ငံခြားတိုင်းပြည်တွေရဲ့ စံတော်ချိန်တွေကိုပါ ဒစ်ဂျစ်တယ် စနစ်နဲ့ ထည့်သွင်းပေးထားပါတယ်။

Improved Contrasts
ထင်ထင်ရှားရှား တိုးတက်လာတဲ့ လုပ်ဆောင်ချက် တခု က ပုံရိပ်တွေအတွက် Contrast Ratio တွေ ပိုပြီး ကောင်းလာတာပါပဲ။ ဒါဟာ နှစ်ရှည်လများ နာမည်ရပြီး ဖြစ်နေတဲ့ Apple ကင်မရာ တွေကို ပိုမို နာမည်ကောင်းရစေမှာ ဖြစ်သလို iPhone 5S နဲ့ iPhone 6 တွေ မှာ ပါဝင်လာမယ့် ကင်မရာ အရည်အသွေးနဲ့ အကိုက်ညီဆုံး ဖြစ်စေပါတယ်။

New Call Dialer
ဖုန်းခေါ်ဆိုတဲ့ ပုခက်ပုံစံ ဒီဇိုင်းကတော့ ပြောင်းလဲထားပါတယ်။ ရိုးရှင်းသလို တိကျ သေသပ်လှပြီး ဂန္တ၀င်ဆန်တဲ့ အနုပညာ ကို ဒီဇိုင်းဆင်ထားတာပါ။

New Phone Buttons
ဖုန်းခေါ်ဆိုမှုပြီးတဲ့အခါမှာတော့ နောက်ကွယ်က ပေါင်းစပ်တားတဲ့ ဖွဲ့စည်းမှုတွေထဲမှာ FaceTime လုပ်ဆောင်မှု ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ FaceTime ဆိုတာ video telephony ကို ခေါ်ဆိုတာ ဖြစ်ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းလောက်က စတင်မိတ်ဆက်ခဲ့တဲ့ နည်းပညာ ဖြစ်ပြီး VoIP အပေါ်ကို အခြေပြုတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဖုန်းအ၀င်မှာ နောက်မှ ကိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက် ပေးထားနိုင်တဲ့ Remind me Later ဆိုတဲ့ လုပ်ဆောင်ချက် အသစ် ပါဝင် လာပါတယ်။

Tweaked Keyboard Design
ကီးဘုတ် က ကြည့်ရတာ ပိုကောင်းလာပြီး ကိုယ်စာရိုက်သမျှ ကို ပိတ်ကား တခုလိုမျိုး ပြသပေးလာနိုင်မှာ ဖြစ်ပါတယ်။

Darker Icons
ပုံမှန် ပါဝင်နေကြ icons တွေဟာ ပိုပြီးတော့ တည်ငြိမ်သွားသလို ပိုပြီး ထင်ထင်ရှားရှားလည်း ရှိလာပါတယ်။

iTune Audio
iTune Audio အပိုင်းမှာတော့ Apple သမားတွေ အနေနဲ့ သီချင်းတွေကို ဝယ်တဲ့နေရာမှာ ပိုပြီး လွယ်လာပါတယ်။ အရင်ကလို ကွန်ပျူတာ ကနေ iTune နဲ့ ချိတ်ပြီးမှ ဝယ်ယူလို့ ရတာမျိုးမဟုတ်ဘဲ Now Playing Screen ကနေ ဝယ်ယူနိုင်လာပြီ ဖြစ်ပါတယ်။

CarPlay
iOS 7.1 မှာ စိတ်ဝင်စားဖို့အကောင်းဆုံး လုပ်ဆောင်ချက် က Car Play ဖြစ်ပါတယ်။ CarPlay ဆိုတာကတော့ iPhone User တွေအေနေနဲ့ Apple ကုမ္ပဏီ နဲ့ သဘောတူညီရယူထားတဲ့ သတ်မှတ်ထားတဲ့ ကားတွေမှာ iPhone တွေကို ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ CarPlay အနေနဲ့ အသံနဲ့ ခိုင်းစေ၊ ဖြေကြားတဲ့ စနစ် Siri၊ ကောင်းကင်ဂြိုဟ်တု ကို အခြေခံတဲ့ မြေပုံ လုပ်ဆောင်ချက်၊ စာတို ပေးပို့ခြင်း နဲ့  သီချင်း ဖွင့်ခြင်းတို့ကို ထောက်ပံ့ပေးပါမယ်။ Siri ဆိုတာကတော့ iOS ထဲမှာပါဝင်တဲ့  Personal Assistant ဖြစ်ပြီး iOS 7.1 မှာဆိုရင် Voice Command (အသံဖြင့် ခိုင်းစေသည့် စနစ်) အနေနဲ့ တရုတ်၊ ဩစတေးလျ နဲ့ ဂျပန်၊ အင်္ဂလိပ် စတဲ့ ဘာသာစကား တွေကို ထောက်ပံ့ပေးတဲ့အပြင် အသံအမျိုး​အစားများစွာကို ပရိုဂရမ်က ခွဲခြားသိရှိစေဖို့ ကြိုးစားလုပ်ဆောင်ထားတာ တွေ့ရပါမယ်။ နောက်ပိုင်းတွေမှာ Apple Siri ဟာ အသံနဲ့ ခိုင်းစေတဲ့ လုပ်ဆောင်ချက်တွေကို အခုထက်ပိုပြီး ထဲထဲဝင်ဝင် ဖန်တီးသွားမယ့် အနေအထား တစ်ခုမှာ ရှိနေပါတယ်။

Bug Fixes
ယခင် က ရှိခဲ့သော နည်းပညာ အမှားအယွင်း ၄၁ ခု ကျော်ကို ပြုပြင်ပေးထားပြီး iPhone 4, iPad 2 နှင့် iPod အပါအ၀င် Apple ၏ ပဉ္စမ မျိုးဆက် ထုတ်ကုန်အများအပြားအတွက် အဆင်ပြေစေပါတယ်။

Conclusion
iOS 7.1 ဟာ iOS 7 ထွက်ရှိပြီးကတည်းက အခုအချိန်အထိ Apple က ထုတ်ပေးတဲ့ Update တွေထဲမှာ အဓိက ကျတဲ့ ပထမဆုံး Update တစ်ခုဖြစ်ပြီး Apple Devices တွေရဲ့ Performance လုပ်ဆောင်မှုအပိုင်း ကို အံ့ဩဖို့ကောင်းအောင် တိုးတက်စေခဲ့တာ တွေ့ရပါတယ်။
စာကြွင်း။ ။ လက်ရှိ ထွက်လာတဲ့ iOS 7.1 ဟာ မြန်မာစာ ဖောင့်စနစ် မရရှိနိုင်သေးပါ။ ဒါပေမဲ့ မြန်မာ လူငယ် ပညာရှင်များ ကတော့ ယခု ရက်သတ္တပတ်အတွင်းမှာ iOS 7.1 အပေါ်မှာ မြန်မာစာ သုံးချင်သူများအတွက် ကြိုးစားထားတာတွေ ရှိနေပါတယ်။ Google မှာ ရှာကြည့်ရင် ရနိုင်ပါတယ်။
-
ဇေယျာစံ