၉ ကြိမ်မြောက် လွှတ်တော်တွင်း ဥပဒေကြမ်း ၂၁ ခု အတည်ပြုနိုင်ခဲ့

ပို့စ်တင်ချိန် - 3/27/2014 03:41:00 PM


ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပခဲ့ပြီး မတ် ၂၆ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့  ၉ ကြိမ်မြောက် လွှတ်တော်အတွင်း ဥပဒေ ၂၁ ခု ရေးဆွဲ ပြင်ဆင် အတည်ပြုနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

လွှတ်တော်ကျင်းပခဲ့တဲ့ တချို့နေ့ရက်တွေမှာ တရက်တည်း ဥပဒေကြမ်း ၃ ခု လောက်အထိ အတည်ပြုနိုင်ခဲ့ပြီး သမ္မတက အဆောတလျင် အတည်ပြုပေးဖို့ မေတ္တာရပ်ခံ ခဲ့တဲ့ ဥပဒေကြမ်း ၂ ခုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

လွှတ်တော် ၂ ရပ် သဘောထား ကွဲခဲ့ကြတဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်းတို့လို ဥပဒေကြမ်းတွေလည်း အတည်ပြုနိုင်ခဲ့တဲ့ထဲ ပါပါတယ်။

ပထမအကြိမ် လွှတ်တော်အစည်းအဝေးကနေ အခု ၉ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ပြီးဆုံးချိန်အထိ ဥပဒေပေါင်း ၉၃ခု အတည်ပြုနိုင်ခဲ့ပါတယ်။

DVB Burmese