အစိုးရအဖွဲ့ ဆပ်ကော်မတီ (Delivery Unit) များထံသို့ ဆက်သွယ် အကြံပြုနိုင်

ပို့စ်တင်ချိန် - 1/29/2014 03:40:00 PM


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကဏ္ဍအသီးသီး အကောင်အထည် ဖော် ဆောင်ရွက်ရာ၌ ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ပိုမိုလျင်မြန် ထိရောက်စေရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် အစိုးရအဖွဲ့ ဆပ်ကော်မတီ (Delivery Unit) များအား ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။ ယခင်ဖွဲ့စည်းထားသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ်ကော်မတီအား ဖျက်သိမ်း၍ ပညာရေးနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် ကျန်းမာရေး ဆပ်ကော်မတီတို့ကို ဖြည့်စွက်ဖွဲ့စည်း ထားပြီးဖြစ်ပါသည်။ အကြံပြုလိုပါက (က) ပညာရေးနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တယ်လီဖုန်းအမှတ်-၀၆၇-၄၀၇၁၁၈၊ ဖက်စ်အမှတ်-၀၆၇-၄၀၇၁၂၇၊ Email/Web- [email protected] နှင့် (ခ) ကျန်းမာရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တယ်လီဖုန်းအမှတ်- ၀၆၇-၄၁၁၅၀၆၊ ဖက်စ်အမှတ်- ၀၆၇-၄၁၁၅၀၇၊ Email/Web- [email protected] သို့  ဆက်သွယ် အကြံပြုနိုင်ပါကြောင်းနှင့် တိုက်ရိုက် လက်ခံ ညှိနှိုင်းဖြေရှင်း ပြန်ကြားသွားမည် ဖြစ်ပါကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

khit lu nge