Mobile Phone (Advanced User) ပြုပြင်နည်း သင်တန်းကို ၂၀ ရာခိုင်နှုန်း Discount ခံစားခွင့်ဖြင့် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 1/29/2014 12:05:00 PM


အတွဲ (၁၅)၊ အမှတ် (၅)
Mobile ဖုန်းများနှင့် ပတ်သက်သည့် ပြဿနာများကို မိမိကိုယ်တိုင် ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ Mobile Phone (Advanced User) ပြုပြင်နည်း သင်တန်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ  ၃ ရက်တွင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်

အဆိုပါ သင်တန်းတွင် iPhone, iPad, Samsung, Sony, Nokia, HTC, Huawei, LG, Blackberry နှင့် အခြား mobile ဖုန်းအမျိုးမျိုးကို Setting ချိန်ညှိခြင်း၊ Firmware အသစ်ပြန်တင်ခြင်း၊ Operating System (OS) ကို version update  ပြုလုပ်ခြင်း၊ ကိုက်ညီမှုရှိမည့် အသင့်တော်ဆုံးသော OS များကို အင်တာနက်ပေါ် ရှိ Website များနှင့် Forum များမှ စစ်ဆေးခြင်း၊ Source များ အကြောင်း သင်ကြားခြင်းနှင့် အခြား Smart Device များနှင့် ချိတ်ဆက် အသုံးပြုနည်းများ စသည်တို့သင်ကြားပေးမည်ဖြစ်ပြီး Computer အခြေခံအားနည်းသော Mobile အခြေခံ မရှိသည့်သူများပါ တက်ရောက် သင်ကြားနိုင်မည် ဖြစ်သည်။


သင်တန်း အပ်နှံလိုသူများ အနေဖြင့် ၂၀ ရာခိုင်နှုန်း Discount ခံစားခွင့်ပေးမည့် အပြင် ပထမဦးဆုံး အပ်နှံသူ ၁၀ ဦးကို IT T-Shirt များကို လက်ဆောင်ပေးမည် ဖြစ်သည်။ အသေးစိတ် အချက် အလက်များကို IT Computer Training ဖုန်း ၀၉-၄၉၂၉၀၇၇၈၊ ၀၁-၂၅၃၂၉၃ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။

ဝေဝေ
Internet Journal