စေ့စပ်လက်စွပ်အတွက် ဒေါ်လာတစ်သိန်း သုံးစွဲခဲ့တဲ့ Johnny Depp

ပို့စ်တင်ချိန် - 1/29/2014 03:23:00 PM


Amber Heard ရဲ့စေ့စပ်လက်စွပ်က ဒေါ်လာတစ်သိန်းခန့်ကုန်ကျမယ်လို့ဆိုပါတယ်။

တနင်္ဂနွေနေ့ည Anaheim, California မှာလုပ်တဲ့ သီးသန့်ရံပုံငွေပွဲမှာ Johnny Depp ရဲ့ဖျော်ဖြေမှုကိုလာကြည့်တဲ့ Amber Heard ကိုကြီးမားတဲ့ စိန် accessory နဲ့တွေ့ရတာဖြစ်ပါတယ်။

“၅ ကာရက်ရှိတဲ့ လက်စွပ်ပုံပေါက်ပါတယ်။ ၅ ကာရက်ဝန်းကျင်မှာရှိတဲ့ အဖြူရောင်ဘဲဥပုံ စိန်လို့ယူဆရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၈၀၀၀ နဲ့ ၁၀၀၀၀၀ အတွင်းရှိပါတယ်” လို့ လက်ဝတ်ရတနာကျွမ်းကျင်သူ Zaven Ghanimian ကပြောပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဓာတ်ပုံဆရာတွေမြင်ကွင်းကနေ စေ့စပ်လက်စွပ်ကိုမမြင်အောင် ဖုံးကွယ်ခဲ့တဲ့       ဆံပင်အ၀ါရောင်မင်းသမီးဟာ Johnny ကို လက်စွပ်ကူရွေးပေးခဲ့ဖွယ်ရှိပါတယ်။ အသက်အရွယ်ကွာခြားတဲ့သူတို့စုံတွဲမှာ Johnny က Amber အလိုကိုလိုက်ပေးရတယ်လို့ဆိုပါတယ်။

“သူတို့စတွဲတဲ့နေ့ကတည်းက Amber ကအဓိကဆုံးဖြတ်ချက်တွေချတဲ့သူဖြစ်ပါတယ်။ ဥပမာအနေနဲ့  အပြင်ထွက်တဲ့အခါမှာလည်း လွမ်းမိုးချုပ်ကိုင်နိုင်ပါတယ်။ သူမဟာ သူ့ရဲ့အသက်ထက်ဝက်ပဲရှိပါတယ်။ ဒါကလဲ သူကသူမကိုဆွဲဆောင်ထားနိုင်ဖို့ ဘာမဆိုလုပ်ပေးရတဲ့အကြောင်းပြချက်တွေထဲကတစ်ခုပါပဲ” လို့အတွင်းသိတစ်ယောက်ကပြောပါတယ်။

“သူ Amber နဲ့စတွဲကတည်းက သူ့ရဲ့အကျင့်တွေကိုပြင်လိုက်ပါပြီ။ အခုသူဟာ အရွယ်ရောက်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ယောက်က်ျားတစ်ယောက်လိုပြုမူလာပါပြီ” လို့အခြားတစ်ယောက်ကလဲပြောပါတယ်။

အသက် ၅၀ အရွယ်မင်းသား Johnny ဟာ သူ့ရဲ့ချစ်သူဟောင်း Vanessa Paradis နဲ့ ၁၄ နှစ်အရွယ် Lily-Rose နဲ့ ၁၁ နှစ်အရွယ် Jack ဆိုတဲ့သားသမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ Amber ဟာ လမ်းဟောင်းကိုမလိုက်ဘဲ သူ့ကိုယ်ပိုင်ဟန်နဲ့အလုပ်လုပ်ကိုင်တတ်တာကြောင့် Johnny တစ်ယောက်တမ်းတမ်းစွဲဖြစ်နေတာလို့ဆိုကြပါတယ်။

Ref:starpulse.com
Trend Myanmar