အမှန်တရားကို ဖုံးကွယ်၍ မရသောအရာ

ပို့စ်တင်ချိန် - 1/29/2014 12:24:00 PM


ဓာတ်ပုံ ..... ဓားခုတ်သူ တရားခံ ကျော်နိုင်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စက်ဝင်းရပ်ကွက်၊ ဒိုင်လမ်းနှင့် သဇင်လမ်းထိပ် နံဘေးရှိ ဈေးဆိုင်တဲ တွင် (၂၃.၁.၂၀၁၄)ရက်၊ ကြာသပတေးနေ့ ၊ ညနေ (၃း၁၅)နာရီ ကျော်ခန့် ဖြစ်ပွား ခဲ့သည့် လူသတ်မှုနှင့်ပ တ်သက်ပြီး ရှင်းလင်း ချက်နှင့် ထိရောက်စွာ အရေးယူနိုင်ရေး တင်ပြချက်ကို နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိ ဥပဒေပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်များ သိရှိနိုင် ပါရန် ကျန်တော် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

သတင်းစာတွေနဲ့  အင်တာနက်တွေမှာ တင်ပြချက်မှာ စိတ်ဝေဒနာရှင်၊ အရက်ကြောင်ပြီး စိတ်ဖောက်ပြန်ခြင်း၊ စိတ်မနှံ့သူဟု  ရေးသားတင်ပြချက်များ  ပြန်လည် ပြုပြင် သင့်သည်ဟု ကျန်တော် ရိုသေစွာ သနားခံတင်ပြအပ် ပါသည်။ ကျွန်တော် ဤကဲ့သို့ ရှင်းလင်း တင်ပြရာချက်မှာ တရားခံမောင်ကျော်နိုင် အပေါ် နစ်နာစေချင်မျိုး မဟုတ်ပါဟု ၀န်ခံ ပါသည်။

တရားခံ မောင်ကျော်နိုင်၊ အသက်(၄၃)နှစ်နှင့် ပတ်သက်ပြီး၊ ကိုယ်ရေးအမှန်မှာ မောင်ကျော်နိုင် အပါအ၀င်-ညီအစ်ကို မောင်နှမ (၁၀)ဦးရှိပြီး၊ တစ်ဦး သေဆုံးပြီး (၉)ဦးမှာ၊ မောင်သန်းဆွေ၊ မောင်သန်းနိုင်၊ မမိချို၊ မောင်ကျော်နိုင်၊ မခင်ဋ္ဌေး၊ မောင်Óဏ်ထွေး၊ မောင်ဘန်းဆံ(ခ)ထွန်းနိုင်။ မမီးဖြူ၊ မနှင်းယုအေး တို့ဖြစ်ပါသည်။ ၄င်းတို့၏  မိဘများမှာ အဘ(ဦးဟန်ပို) အမိ(ဒေါ်လှရီ)တို့ဖြစ် ပါသည်။ ၄င်းတို့ မိသားစု တို့သည် လွန်ခဲ့သော နှစ်(၃၀)ကျော် လောက်က (ဦးကျော်ဒင်)ဘုရားကိုင်ရပ်နေသူ ထံမှ ကျန်တော်၏ နံဘေး ခေါင်းရင်း မြေကွက်ကို ငွေ(၇)ထောင်ကျပ်ဖြင့် ၀ယ်ယူပြီး ယနေ့အထိ မိဘများနှင့် အတူ နေလာခဲ့ပြီး ၄င်းမြေကွက် အိမ်ပေါ်တွင် ပင် အမိ အဘ အဒေါ်နှင့် ညီတို့သဘာဝ အလျောက် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။ ၄င်းတရားခံမောင်ကျော်နိုင် မိသားစုနှင့် ကျန်တော် တို့မိသားစုသည် ယနေ့အထိ တစ်စုံ တစ်ခုသော ကြီးကျယ်သော ပြဿနာ မရှိပါ။ ရန်ငြိုးရန်စလည်း မရှိခဲ့ပါ။

 တရားခံ မောင်ကျော်နိုင် သည် ဗိသုကာ လက်သမားဆရာတစ်ဦးဖြစ်ပါသည်။ အစ်ကို ဦးသန်းရွှေမှာ ပန်းရံဆရာ၊ ကျန်သော ယောင်္ကျား(၃)ဦးမှာ ကျဘမ်း အလုပ်ဖြစ်ပြီး ညီမ/ အစ်မ(၄)ဦးမှာ ငွေတိုးချေးစားသည့် အလုပ်ကို ယနေ့အထိ အလုပ်လုပ်ကိုင် နေသူဖြစ် ပါသည်။ တရားခံ မောင်ကျော်နိုင်သည် အခင်း မဖြစ်ခင်ရက် အထိ၊ ညီမဖြစ်သူ မနှင်းယုအေး၏  နေအိမ်တိုက်ကို- ဇေယျာသီရိ(၁) ရပ်ကွက်၊ သိင်္ဂီဦး လမ်းသွယ် (၁)တွင် တည်ဆောက်နေသူ ဖြစ်ပါသည်။

တရားခံ မောင်ကျော်နိုင်သည် လွန်ခဲ့သော(၇)နှစ်ခန့်က မဟာစည် သာသနာ့ ရိပ်သာတွင် ရဟန်း(၃)နှစ်ခန့်ဝတ်ပြီး နှာခေါင်းရောဂါဖြင့် ရဟန်းအဖြစ်မှ  ထွက်ပြီး ပြန်လည် နေထိုင်ကာ၊ ဗိသုကာ၊ လက်သမား အလုပ်ကို ဆက်လက် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါသည်။  တရားခံမောင်ကျော်နိုင်သည်။ တစ်အိမ်လုံးတွင်  ၄င်းနှင့် ညီမဖြစ်သည် မနှင်းယုအေးတို့နှစ်ဦး သြဇာအရှိဆုံးသူ ဖြစ်ပါသည်။ ၄င်းနှစ်ဦးက ပြီးဆိုလျင် အားလုံးက မီးသေဖြစ် ပါသည်။

တရားခံ မောင်ကျော်နိုင်သည် အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး မှီဝဲသုံးစွဲခြင်း၊ လောင်းကစားခြင်း မရှိခဲ့ပါ။ ဆေးပေါ့လိပ် သောက်တတ် ပါသည်။  အထက်ဖော်ပြပါ သတင်းစာများနှင့် အင်တာနက်ပေါ်တွင် တင်ထားသည့် သတင်းများမှာ ရူးသွပ်ခြင်း၊ အရက်ကြောင်ခြင်း၊ စိတ်မနပ်ခြင်း ဆိုသည့် အချက်ကို ဖြော်ပထား ဆောင်ရွက် ထားသည်ကို အတူနေ မိသားစု မောင်နှမ ညီအစ်ကို များနှင့် ရန်ဖြစ်ခြင်း၊ အော်ဟစ်ခြင်း၊ ဆူညံခြင်း၊ ဒုတ်ဓါး များဖြင့် လိုက်လံ ခုတ်ထစ်နေတာ မတွေ့ရပါ။ နေအိမ်တွင် ညီအစ်ကို မောင်နှမများ ဆူညံ သောင်းကြမ်းပါက၊ တရားခံ မောင်ကျော်နိုင်၏ အသံကြား ယုံမျနှင့် ငြိမ်သက်သွား ပါသည်။ တရားခံ မောင်ကျော်နိုင် သည် ရုံးကနား ရောက်ရှိတာလည်း တစ်ကြိမ်တခါမှ မတွေ့ရဖူးပါ။ ပတ်ဝန်းကျင်နှင့်လည်း ထိတွေ့မှုနည်းပြီး စကားနည်းသူ တစ်ဦး ဖြစ်ပါသည်။ ၄င်းတို့၏  မိသားစု ကိုယ်ရေးနှင့် အမှု ဆက်စပ်မှုများကို ဘယ်သတင်းထောက် တစ်ဦး တစ်ယောက်မှ  ကျန်တော်အား လာရောက် ထိတွေ့ မေးမြန်းခြင်း မရှိခဲ့ပါ။

(၂၃.၁.၂၀၁၄)ရက် ကြာသပတေးနေ့ အခင်း ဖြစ်မှုနှင့် ပတ်သက်ပြီး၊ မိမိကိုယ်တိုင်ရုံးမှ (၃း၀၀)နာရီ အိမ်သို့ တက္ကစီဖြင့် ဆင်းလာစဉ် ဘုရားကိုင်ပေါင်းကူး ထိပ်နားရောက် လ္ဘက်ရည်ဆိုင်များထံမှ လူထု အများက ဦးမြင့်ဆွေ၏ သမီးနှင်းနှင်းဝေးနှင့် မြေး ကို ဘုန်းကြီး လူထွက်မှ ပုဆိန်၊ ဓါးဖြင့် ခုတ်သတ်လိုက်ကြောင်း အော်ဟစ်ပြောဆိုမှု အရ၊ မိမိအနေဖြင့် မယုံကြည်နိုင်ကြောင်း ပြောပြီး၊ ဆက်လက်၍ အိမ်သို့ရောက်ရှိပြီး အခင်းဖြစ်ရာ ဈေးတဲသို့ အရောက်တွင် သွေးအိုင်ဘဲ့ တွေရပြီး၊ တရားခံနှင့် သေဆုံး သူများကို မတွေ့ရတော့ပါ။ ဆေးရုံးသို့ တင်ပို့ခဲ့ကြောင်း အခင်းဖြစ်နေရာရှိ ပြည်သူများ ကလည်း တချို့က တရားခံမောင်ကျော်နိုင်မှာ ပုဆိန်၊ ဓါးဖြင့် ကျောင်းသားငယ် များကို လိုက်ခုတ်၍ သမီးနှင်းနှင်းဝေမှ ၀င်ခွဲ ပြောဆို၍ ခုတ်ခံ ထိကြောင်း ပြောဆို၍  မိမိအနေ ဖြင့် ထင်မြင် ယူဆပြီး ဆေးရုံတွင် တချို့သော ပုဂ္ဂိုလ်များကို ပြောကြားခဲ့ပါသည်။ (၂၃.၁.၂၀၁၄)ရက်ညနေပိုင်းတွင် ဆေးရုံကြီးမှ အသုဘသိပ်သည့်၊ မြိတ်မြို့၊ တပ်ပြင်ရပ်၊ နာရေး ၀န်ဆောင်မှု အသင်း သို့ပို့ဆောင်ပြီး သိပ်ခဲ့ပါသည်။

ဖြစ်စဉ်သတင်း စစ်ဆေးချက် သိရှိကြရန် ဖော်ပြချက်
(၂၃.၁.၂၀၁၄)ရက်  သေဆုံးမှုနှင့် ပတ်သက်ပြီး အောက်ပါ အသိသက်သေများကို (၂၄.၁.၂၀၁၄)ရက်၊ သောကြာနေ့ နံနက်(၀၉း၃၀)နာရီ အချိန်၊ မြိတ်တောင် မြို့မ ရပ်ကွက်နယ်မြေ အုပ်ချုပ်ရေးမှူးရုံးသို့ ကျန်တော် အပါအ၀င် စစ်ဆေးခံရန် တာဝန်ရှိ ရဲမှူးကြီး၊ စခန်းမှူးနှင့်တာဝန်ရှိ ရဲများက (အဘ)ဦးသန်းမြင့် ဒေါ်တင်ကြည်၏ သမီးဒေါ်သီသီအေး၊ (သဇင်လမ်း)၊ (အဘ)ဦး သက်ဝင်း ဒေါ်ချို၏ သမီးမမီးတင့်(ခ) မငုဝါခိုင်၊ သဇင်လမ်း (အဘ)ဦးဘတင် (အမိ) ဒေါ်ကြည်တို့သား  ဦးနောင်နီ၊ ဒိုင်လမ်း၊ မခိုင်-ဒိုင်လမ်း၊ ဦးခင်မောင်ဦး၏ ဇနီး ဒေါ်လှကြူနှင့် ကျန်တော် တို့အား ခေါ်ယူ စစ်ဆေးမေးမြန်း ထွက်ဆိုချက် များမှာ ကျန်တော်၏ ရှေ့မှောက်တွင်-
( က ) မသီသီအေး၏ ထွက်ဆိုချက်မှာ- တရားခံ မောင်ကျော်နိုင်မှ ပုဆိန်၊ ဓါးဖြင့် မနှင်းနှင်းဝေနှင့် ကျောင်းသား ငယ် တစ်ဦးအား ခုတ်သတ်ပြီး၊ ကျန်တစ်ဦးမှာ ဓါးဖြင့် လိုက်ခုတ်၍  ထိသွားကြောင်း မျက်မြင် တွေ့ရကြောင်း ထွက်ဆိုသွား ပါသည်။

( ခ ) မခိုင်-ဒိုင်လမ်းနေမှ ထွက်ဆိုချက်မှာ-တရားခံကျော်နိုင်မှ  မနှင်းနှင်းဝေနှင့် ကျောင်းသားငယ် နှစ်ဦးအား ဓါး၊ ပုဆိန်ဖြင့် လိုက်ခုတ်သည်မှာ မျက်မြင်ဖြစ်ပြီး၊ ကျန်သော ကျောင်းသား/ သူများ ဘေးအန္တရာယ်ကင်း စေရန် အော်ဟစ် ဖယ်ရှား ထွက်ပြေးကြောင်း ထွက်ဆိုခဲ့ ပါသည်။

( ဂ ) သဇင်လမ်းနေ မမီးတင့်(ခ) မငုဝါခိုင်မှ အခင်းဖြစ် အော်သံကြား၍ သဇင်လမ်းမှ ထွက်ပြေးလာပြီး၊ ကတ်ပ ဓါးတို့ဖြင့်  လိုက်ခုတ်နေ၍  ကြောက်လန့်ပြီး မနှင်းယုအေး နေအိမ်သို့ တက်ပြေးသွားစဉ်၊ အိမ်ပေါ်၌ ခေါင်းပတ်တီး စည်းထားသည့် အမျိုးသမီး ဒေါ်မိချိုမှ ခုတ်သာ ခုတ်ပါ အသေခုတ်ပါဟု အော်ဟစ်သဖြင့် မငုဝါခိုင်မှ ဘာကြောင့်သူများ ဒုက္ခရောက်နေဒါ အားပေးသလဲဟု မေးရာ၊ ဒေါ်မိချိုမှ ဒါငါ့အကိုဟု ပြန်လည် ပြောဆို သဖြင့် မငုဝါခိုင်မှာ ငါပါ ခုတ်သတ်ခံ ထိမည်ဟု ကြောက်လန့်ပြီး အိမ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း ထွက်ဆို ပါသည်။

( ဃ ) ဒိုင်လမ်း- အခင်းဖြစ်နေရာ အနီးနေထိုင်သူ ဦးနောင်နီမှ ထွက်ဆိုရာတွင် မိမိအိမ်ရှေ့တွင် ဖြစ်ကြောင်း၊ တရားခံ မောင်ကျော်နိုင်မှာ တဖက်တွင် ပုဆိန်နှင့် တဖက်တွင် ဓါးကိုင်ပြီး အိမ်မှထွက်လာ၍ မနှင်းနှင်းဝေနှင့် ကျောင်းသားငယ် နှစ်ဦးကို ခုတ်ပြီး ကတ်ပ၊ ဓါးဖြင့် ဝှေ့ရမ်း လိုက်ခုတ် နေ၍ မိမိမှမြင်၍ တားရာတွင် တရားခံ မောင်ကျော်နိုင်မှ ကိုနောင်နီကို ကျန်တော်သိတယ်၊ ကိုနောင်နီ ၀င်မရှုပ်ပါနဲ့၊ ကိုယ့်ဖာသာကိုယ်နေ၊ ကျန်တော့် ကိစ္စ ကျန်တော် ရှင်းမည်ဟု ပြောဆို၍ သီးမခံနိုင်သော ပြည်သူများမှ ၀ိုင်းဝန်း၍ ကျောက်ခဲ၊ ဒုတ်တို့ဖြင့် ပစ်ပေါက် ရိုက်နှက်၍ ဖမ်းရကြောင်း၊ ထွက်ဆိုသွား ပါသည်။

( င ) ဒိုင်လမ်းနေ ဦးခင်မောင်ဦး၏ ဇနီးဖြစ်သူ ဒေါ်လှကြူမှာ အခင်းဖြစ်မှုနှင့် ပတ်သက်ပြီး ထွက်ဆိုချက်မှာ-ဒေါ်လှကြူ ကလေး ကျောင်းကြိုပြီး ဆင်းလာစဉ် ကလေးမှ သရက်သီးရှပ် စားလိုကြောင်း ပူဆာသဖြင့် ကောင်မလေး ဈေးဆိုင်တွင် သရက်သီး ၀ယ်ပြီး၊ ပိုက်ဆံပေး၍  ကောင်မလေးမှ ပိုက်ဆံ ကို ငုတ်ပြီး လဲနေစဉ်၊ လူတစ်ယောက် စင်ပေါ်သို့ အနောက်မှ ပြေးတက်လာပြီး  ကောင်မလေး  ဦးခေါင်းကို ခုတ်ချလိုက်သည်မှာ ဒုတ်ဖြင့် ရိုက်သည်ဟု ပထမထင်ရသည် ဦးခေါင်းမှ ဆွဲနုတ် လိုက်စဉ် ပုဆိန်ဖြစ်နေပြီး မြင်၍ ကလေးအား ဆွဲပြီး အမြန် ထွက်ပြေးပြီး၊ လမ်းတလျောက် မိမိ အနေဖြင့် ဇနီးမောင်နှံ ရန်ဖြစ်နေ ကြောင်းအော်ဟစ်၍ ထွက်လာခဲ့သည်။ နောင်ဖြစ်ရပ်များ မသိကြောင်း ထွက်ဆိုခဲ့ပါသည်။
( စ ) ကျန်တော်အား စစ်ဆေးရာတွင် အခင်းဖြစ်စဉ် မရှိကြောင်း အခင်းဖြစ်ရာသို့ ရောက်သည့် အခါ သွေးသာ တွေ့ရ ကြောင်း ပြင်ပပြည်သူများ ပြောဆိုသည်မှာ ကျောင်းသားငယ် တွေကို ပုဆိန်၊ ဓါးဖြင့် လိုက်ခုတ်၍ မနှင်းနှင်းဝေမှ တားမြစ်၍ ပုဆိန်နှင့် ခုတ်ကြောင်း ပြောသံကြား ရသည်ဟု ရဲတွင် ထွက်ဆိုခဲ့ပါသည်။

(၂၄.၁.၂၀၁၄) ရက်နေ့ညနေပိုင်း ဒိုင်လမ်းဆုံတွင် ဒိုင်လမ်းနေ မပေါစံ  ၀က်သား ဈေးရောင်းသူမှကျန်တော့် အား ပြောပြရာတွင် အခင်းဖြစ်နေ့ အခင်း ဖြစ်ချိန်တွင် မြို့သစ်တွင် တရားခံကျော်နိုင်၏ အစ်ကို ဦးသန်းဆွေ ၏ သမီးဖြစ်သူတစ်ဦးနှင့် မပေါစံ တွေ့ဆုံစဉ်- ကျောင်းသားတွေကို ဓါးဖြင့် ခုတ်သည်ဟု အသံထွက် ပေါ်လာ စဉ် ဟာ တို့ဦးကျော်နိုင်ပြော ဒါမှန်ပြီဟု ဦးသန်းဆွေ၏ သမီးဖြစ်သူမှ ပြောသဖြင့် မပေါ်စံမှ ပြန်လည် မေးမြန်းရာတွင် ဦးသန်းဆွေ၏ သမီးဖြစ်သူက  အခင်း မဖြစ်ခင် နေလည်(၁း၀၀) နာရီခွဲလောက်က  မိမိတို့နေအိမ်သို့ ဦးကျော်နိုင် ၀င်လာပြီး၊  ကလေးငယ်များ နှင့် လူကြီးများ လမ်းမသို့  မထွက်လာကြရန်နှင့် (၂း၀၀)နာရီ ကျော်လောက်တွင် နင်တို့အထူး သတင်းကြားရမည်  နားထောင်ထားဟု လာမှာခဲ့သည်မှာ ယခုမှန်ကန်ကြောင်း ပြောဆို သည်ဟု- ကျန်တော်အား ဒိုင်လမ်းဆုံတွင် မပေါစံမှ ပြန်လည်ပြော ပြပါသည်။


ဤအထက်ပါ အချက်အလက်များ ရေးသားတင်ပြချက်များသည် အများပြည်သူများမှ ၄င်းတရားခံ မောင်ကျော်နိုင်သည် အရက်ကြောင်သူ၊ စိတ်မနပ်သူ၊ ရူးသွပ်နေသည်ဟု ထင်မြင်ယူဆ ရေးသား တင်ပြချက်တွေနဲ့ ကျန်တော်၏  ယခုရေးသား  တင်ပြချက်များ နှိုင်းယှဉ် ဝေဖန် သုံးသပ်နိုင်ရန်နှင့် အသိသက်သေ (၆)ဦးတွင် ဒေါ်သီသီအေး၊ မခိုင်နှင့် ကိုနောင်နီ(၃)ဦး တို့သာ တရားရုံးတွင် စစ်ဆေးပြီး ကျန်သော ဒေါ်လှကြူ၊ မငုဝါခိုင် (ခ) မမီးတက် တို့ကို စစ်ဆေးသက်သေ မထုတ်ပေးတာ တွေ့ရှိရပါ ကြောင်း တင်ပြအပ် ပါသည်။

လေးစားအပ် ပါသော၊  နိုင်ငံတော် အကြီးအကဲနှင့်တာဝန်ရှိ ပုဂ္ဂိုလ်လူကြီးမင်းများ ခင်ဗျား ကျန်တော်သည် လက်ရှိ နိုင်ငံ တော်ဝန်ထမ်း တစ်ဦး ဖြစ်ပါသည်။ နိုင်ငံတော် တာဝန်ကို-၁၉၇၄ခုနှစ်မှ ယနေ့အထိ ဆောင်ရွက်လာသူ တစ်ဦး ဖြစ်ပြီး ၄င်းလူ သတ်မှုမျိုး- မြို့လယ်ခေါင်မှာ၊  နေ့လည် အချိန်- လူအများသွားလာ ထင်သာ မြင်သာသည့် နေရာမှာ ဗြောင်ကျကျ လုပ်ဆောင်သတ် ဖြတ်ခြင်းသည် သာမှန်လူသေမှုမဟုတ်ပါ-တမင်သက်သက် ကြံရွယ်ပြီး လူသတ်မှုသာ ဖြစ်ပါသည်။
သေသူမှာ တစ်ဦး တစ်ယောက် တည်း မဟုတ်ပါ။ နိုင်ငံတော် သာယာဝပြောရေးနှင့် အေးချမ်းသာယာ တည်ငြိမ်ရေး ဆောင်ရွက် နေချိန်တွင် ပြည်သူလူထု ရင်နာဖွယ်ရာ တုန်လှုပ် ချောက်ခြားစေပြီး၊ နိုင်ငံတော်၏ အုပ်ချုပ် စီမံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုကာ၊ ပြည်သူလူထုကို စော်ကားပြီး အုပ်စုဖွဲ့ နောက်ကွယ် ကြိုးကိုင်မှုများ ၊ အကြံပေး မြောက်ပေးမှုများနှင့် နီးနွယ်ပြီး ရှိနိုင်ကြောင်း၊ မြိတ်တောင် ရပ်ကွက်သည် မြိတ်မြို့တွင်(၁၂)ရပ်ကွက် ရှိသည့် အနက် အကြီးဆုံးရပ်ကွက်၊ လူနေမှုထူထပ်ဆုံးနှင့် ဆင်းရဲသား အများဆုံး နေထိုင်ကြသော အုပ်စုဖြစ်ပါသည်။

ကျန်တော်တို့  နေထိုင်သော စက်ဝင်း ရပ်ကွက်သည် လုံခြုံရေးနှင့် အုပ်ချုပ်စီမံရေး ညံ့ဖျင်းသည့် အပြင် ရပ်ကွက် အတွင်း တာဝန်ရှိသူ ကိုယ်တိုင်က ဂိုဏ်းဂဏာ ခွဲပြီး အုပ်ချုပ်စီမံခြင်း၊ အရပ်ကွဲအောင် ခွဲပြီး နိုင်ငံရေး ပါတီ တစ်ခုကို ခုတုံးလုပ်ပြီး အသင်းတွေ့ဖွဲ့၊  အုပ်စုဖွဲ့ကာ  လုပ်ဆောင်နေကြ ပါသည်။ အောက်ခြေ အုပ်ချုပ်ရေး လမ်းကြောင်းတွင် ဆရာမွေး  တပည့်မွေး ဆောင်ရွက်မှုတွေကြောင့် ယခုကဲ့သို့ မကြားဝတ် မနာဝတ် လုပ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ ဒါတွေ  တွေ့ရပါသည်။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် အုပ်ချုပ်မှုနှင့် တရားဥပဒေ စိုးမိုးရေး အဆင့်ဆင့်သည် အိမ်တစ်ဆောင်ကဲ့သို့ ၊ အောက်ခြေ ဖောင်ဒေးရှင်း မကောင်းလျင် အပေါ်ထပ် ဘယ်လောက် ကောင်းကောင်း ဤအိမ်သည်မခိုင်ပါ။ အထက်လူကြီး ဘယ်လောက် ကောင်းကောင်း အောက်ခြေ အုပ်ချုပ်သူမှာ မကောင်းလျင် ဘယ်လိုဖြစ်မှာလဲ-လူကြီးမင်း အဆင့်ဆင့် သိစေလို ပါသည်။ ယနေ့အထိ  ကျန်တော်တို့ နယ်မြေမှာ ဗဟိုဦးစီး စနစ်ဖြင့် အုပ်ချုပ်နေတုန်းပါ။  ကြည့်လုပ်ပါအုံး သက်ဆိုင်ရာ လူကြီးမင်းများ လေးစားပါတယ်။

ဤလူသတ်ပွဲကြီးမှာ ကျန်တော် မိဘတစ်ဦးအနေဖြင့် တင်ပြလိုသည်မှာ ကျန်တော် သမီးနှင့် ကျောင်းသားငယ် များရဲ့ သေပွဲနေရာမှာ နေရာပေးပြီး ဘယ်သူ၏ သားသမီး ၀င်ရောက် အသတ်ခံနိုင်မည်လော ပြောကြပါ။ ရူးသွပ်၊ ဆေးကြောင်၊ စိတ်မနပ်ဘူး၊ အရက်ကြောင်တယ် ဆိုလျင် ဘယ်ကြောင့် မိမိရပ်ကွက် မိမိနယ်မြေ အာဏာပိုင် အုပ်ချုပ် စီမံသူတွေက၊ ဘာလုပ်နေဒါလဲ၊ မသိကြဘူးလား၊ နှစ်ရှည်လများ မပြောင်းလွဲနိုင်သော ရာအိမ်မှူးများ အရပ်ထဲတွင်  အုပ်စုဖွဲ့၊ ခွဲခြား အုပ်ချုပ်ခြင်း၊  ဒါတွေဟာ ရပ်မိရပ်ဖ အထောက်အကူ အဖွဲ့တွေ အနေနဲ့ တင်ပြသော်လည်း  ပြောင်းလွဲမှု မရှိခဲ့ပါ။ နိုင်ငံတော် အကြီးအကဲ တာဝန်ရှိ အဆင့်ဆင့် တွေက အပေါ်က ဘယ်လောက် ဆွေးနွေး ဘယ်လောက် ညွန်ကြား သတင်းစာတွေမှာ ဘယ်လောက်ရေးရေး အောက်ခြေတွင် ခြစား နေသည်ကို အမြန်ဆုံး အရေးယူပေးပါ ခင်ဗျား။

(၂၈.၁.၂၀၁၄)ရက်  အင်္ဂါနေ့ နံနက်(၀၉း၃၀) နာရီခန့် ရက်လည် ဆွမ်းချက် လှူဒါန်းရန် တစ်ရပ်ကွက်လုံး ဖိတ်စာဖိတ် ပါသည်။ သေဆုံးသူ ကျောင်းသားလေး မောင်ဟိန်းမင်းအောင်၏ မိဘများထံ စက်ဝင်းရပ်၊ ငုဝါ(၃)လမ်း၊ ဦးတင်ညွန့် နေအိမ်သို့ အလှူဖိတ်စာများ ပေးတော့ ကလေးအမေ ဒေါ်စောမြမှ ကျန်တော်အား ကလေးဟာ ကြားက အချောင် သေဆုံးရကြောင်း ပြောဆိုခြင်း ဖြစ်သည်။ ကျန်တော်၏သမီးအား ကြိုတင် ကြံရွယ် ဆောင်ရွက်သည်ဟု ဆိုနိုင်ပေသည်။ ၄င်းတရားခံ မောင်ကျော်နိုင်သည် စက်ဝင်းရပ်ကွက် ရာအိမ်မှူး၏ ဆွေမျိုး သားခြင်း ဖြစ်သည်။
ကျန်တော်၏ သမီးသည် ကိုယ်ဝန်(၂)လ အဖြစ် အသတ် ခံရခြင်း ဖြစ် ပါသည်။  ကျောင်းသားငယ်များလည်း အသတ်ခံရသည်။

သေဆုံးသူမှာ -  မနှင်းနှင်းဝေ၊ အသက်(၃၀)နှစ် (ဈေးသည်)
သေဆုံးသူမှာ -  မောင်ဟိန်းမင်းအောင်း၊ အသက်(၈)နှစ် (ကျောင်းသား)
ကပ်ပ/ ဓါးခုတ်ခံရသူ - မောင်ဖြိုးဝေယံ(၈)နှစ် (ကျောင်းသား) ရန်ကုန်ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်။

တာဝန်ရှိ လူကြီးမင်းများနှင့် ပြည်သူလူထု အပေါင်းတို့ ခင်ဗျား ယခု (၂၃.၁.၂၀၁၄) ရက်နေ့ တွင် ဓါး/ ကပ်ပဖြင့် ခုတ်သတ် မှုတွင် တရားလို နေအိမ်နှင့် တရားခံနေအိမ်တို့သည် အိမ်ချင်းကပ်။ မြေကွက်ချင်း စပ်သည့် အရာကို သက်ဆိုင်ရာ ခရိုင် / မြို့နယ် အုပ်ချုပ်ရေးမှူး ဥပဒေအရာရှိ ၊ လ၀ကဦးစီး အရာရှိများ၊ ခရိုင် မြို့နယ်၊ ရဲမှူးကြီးများနှင့်  စခန်းမှူး၊ ရပ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များလည်း လေ့လာကြည့်ရှုပြီး ဖြစ်သည့် အတွက် တရားခံ အနေနှင့် ၎င်းအိမ်မြေတွင် ထပ်မံ လာရောက် နေထိုင်မည် ဆိုပါက မသင့်လျော်ပါ။ တရားခံဖြစ်သူမှာ အမှန်တကယ်  ရူးသွပ်၊ စိတ်မနှံ့ အရက်ကြောင် မူးယစ်ဆေးဝါး သုံးစွဲသူဟု ယူဆလျင် ဤအိမ်နှင့်ဤမြေတွင် ထပ်မံလာရောက်နေထိုင်ပါက ဆက်လက်အန္တရာယ်ပြုနိုင်ပါသည်။

၎င်းတို့ မိသားစုသည် ဥပဒေကို ကျောခိုင်းပြီး လုပ်ဆောင်သူများ ဖြစ်သည်။ ဒါကြောင့် တရားလို မိသားစုများနှင့် တရားခံ မိသားစု တို့သည် နောက်ပိုင်း ရန်မအေးနိုင်ပါ။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် လူကြီးမင်းများ ခင်ဗျား။ ယခု လက်ရှိတရားခံ၏ နေအိမ်သည်  နေထိုင်သူမိသားစု မည်သူမျ မရှိသည့်အတွက် မီးဘေးအန္တရာယ် အတွက် စိုးရိမ်ရ ပါသည်။ ၎င်းအိမ်အား သင့်တော်သည့် အခြေအနေ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရှေ့ဆက် ဖြစ်ပေါ် လာမည့် အကျိုးအဆက်ကို မည်သူ တာဝန်ယူနိုင် မည်နည်း၊ တာဝန် မယူနိုင်ကြ၍ ဤကဲ့သို့ လူသတ်မှုကြီး ပေါ်ပေါက်ခဲ့သည်၊ တာဝန်ရှိသူများ သိရှိနိုင်ရန်နှင့် အမြန်ဆုံးဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါ သည်။

လေးစားအပ်သော လူကြီးမင်းများသို့ ကျန်တော်စာ နှင့် အင်တာနက် စာမျက်နှာမှ တဆင့် ဂါဝရဂုဏ်ပြုအပ် ပါသည်။ (၂၃.၁.၂၀၁၄)ရက်၊ ညနေ အခင်းဖြစ်သည့် အချိန်မှ (၂၅.၁.၂၀၁၄)ရက် အထိ မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင် ရဲမှူးကြီး၊ မြို့နယ်ရဲမှူး၊ စခန်းမှူးနှင့် တာဝန်ရှိများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် တာဝန်ရှိများ၊ ဥပဒေအရာရှိများ၊ ခရိုင်၊ မြို့နယ် တရားသူကြီး၊ ခရိုင်၊ မြို့နယ် လ၀က ဦးစီးအရာရှိများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများမှ နေ့ည လုံခြုံရေး ဆောင်ရွက် ပေးမှုများ၊ ငွေကြေး အလှူဒါန်းများနှင့် လိုအပ်ချက် များကို လိုလေသေး မရှိ အစအဆုံး  ၀ိုင်းဝန်း ပံ့ပိုး ကူညီ ပေးကြသော လူကြီးမင်း အားလုံးကို သေဆုံးသူ ကျန်တော်၏ သမီး မနှင်းနှင်းဝေနှင့် ကျောင်းသားငယ် ဟိန်းမင်းအောင် တို့၏ ကိုယ်စား အထူးလှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကျေးဇူး တင်ကြောင်း ရေးသားတင်ပြအပ် ပါသည်။
အမှန်တရားကို သိလိုပါက  သက်ဆိုင်သူ များနှင့် တွေ့ဆုံမေးမြန်းနိုင် ပါသည်။
အားလုံးကိုလေးစားပါတယ်. . .

ဦးမြင့်ဆွေ-(ရုပ်သံ-၃)
ခရိုင်ပြန်/ဆက်ဝန်ထမ်း
မြိတ်မြို့

(၂၆-၁-၂၀၁၄)
မြိတ်ပုလဲမြေ