နိုင်ဂျီးရီးယား အကြမ်းဖက် တိုက်ခိုက်မှုတွင် ၇၀ ကျော်သေဆုံး

ပို့စ်တင်ချိန် - 1/29/2014 12:17:00 PM


အေအက်ဖ်ပီ|မိုင်ဒူဂူရီ၊ ဇန်န၀ါရီ ၂၈

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခုကြောင့် လူပေါင်း ၇၀ ဦးထက် မနည်း သေဆုံးခဲ့ရသည်ဟု ရဲဌာနနှင့် အစိုးရအာဏာပိုင်များက ပြောကြားလိုက်ကြောင်း ဇန်န၀ါရီ ၂၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မတရားအသင်းအဖြစ် သတ်မှတ်ခံထားရသော ဘိုကိုဟာရမ်အစ္စလာမ်စစ် သွေးကြွအဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ထားကြသည်။

နိုက်ဂျီးရီးယားစစ်တပ် လုံခြုံရေးအဖွဲ့ ထိပ်တန်းတာဝန်များကို အပြောင်းအလဲ ပြုလုပ်အပြီး တစ်ပတ် အကြာတွင် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဘိုရိုနိုပြည်နယ် နှင့် အက်ဒါမာဝါပြည်နယ်တို့တွင် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

ဘိုရိုနိုပြည်နယ်ရှိ လူသွားလူလာများသော ဈေးတစ်ခုအတွင်း၌ ဇန်န၀ါရီ ၂၇ ရက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅ ဦး သေဆုံးခဲ့ရပြီး အက်ဒါမာဝါပြည်နယ် တိုက်ခိုက်မှုတွင်မူ လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

တိုက်ခိုက်မှု ဖြစ်ပွားအပြီး၌ လေတပ်ဦးစီးချုပ်သစ် အဲလက်စ်ဘာဒက်ခ်ျက ၂၀၀၉ ခုနှစ်မှစတင်ကာ လူ ထောင်ပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သည့် ပုန်ကန်မှုများကို မိမိအနေဖြင့် အလျင်အမြန် အဆုံး သတ်လိုကြောင်း ပြောကြားခဲ့သည်။

သို့သော် နောက်ဆုံးပေါ်ပေါက်ခဲ့သော တိုက်ခိုက်မှုများမှာ ပိုမိုထိရောက်သော မဟာဗျူဟာတစ်ရပ်ကို ပြန်လည်ဖော်ဆောင်ရန် လှုံ့ဆော်လိုက်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသောတောင်ပိုင်းဒေသ၌ အစွန်းရောက် မှုများ ဟန့်တားရန်အတွက် အကြမ်းမဖက်သည့် နည်းလမ်းများသော တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေး အစီစဉ်များကို စဉ်းစားသွားချေ ရှိသည်။

“ရဲဌာန အာဏာပိုင်တွေဆီကနေရရှိတဲ့ သတင်းတွေအရ အက်ဒါမာဝါ ပြည်နယ်တိုက်ခိုက်မှုကြောင့် ရဲ တပ်ဖွဲ့ဝင် နှစ်ဦးအပါအ၀င် ၂၆ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်သူတွေက စစ်ဝတ်စုံဝတ်ထားတဲ့ ရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်သားတွေလို့ထင်ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု ပြည်နယ်၏ပြောခွင့် ရပုဂ်္ဂိုလ် အက် မက်ဆာဂျိုက ဆိုသည်။

“အရပ်သား ၁၇ ဦးလည်း ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပါတယ်။ လောလောဆယ်တော့ ဘယ်သူတွေ တိုက် ခိုက်လဲဆိုတာ သေသေချာချာ မသိရသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအဖွဲ့တွေဆီက အဲဒီ သတင်းအတွက် စောင့်ဆိုင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။ ဘိုရိုနိုပြည်နယ် တိုက်ခိုက်မှုတွင်မူ ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။

Mizzima Burmese