ဒေါ်စုပန်းချီကားတွေပါဝင်တဲ့ အမျိုးသားပြတိုက်က ပန်းချီပြပွဲ ၅ရက်ကြာ ကျင်းပခဲ့

ပို့စ်တင်ချိန် - 1/29/2014 06:00:00 AM


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို ရေးဆွဲထားတဲ့ ပန်းချီကား ၁၃အပါအဝင် ပန်းချီဆရာ ၂၃ယောက်ရဲ့ စုစုပေါင်း ပန်းချီ ၁၈၅ကားကို ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ဇန်နဝါရီ ၁၈ရက်နေ့ထိ ၅ရက်ကြာ ပြသခဲ့ပါတယ်။

ပန်းချီကား ၈ကားရေးဆွဲထားတဲ့ ပန်းချီ ထွန်းထွန်းအောင်က သူရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို ရောင်းဈေး ဒေါ်လာ ၁၃၅ဝ သတ်မှတ်ထားပြီး ဆီရေးနှစ်သက်တာကြောင့် ဆီဆေးနဲ့သာ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အလှနဲ့ သဘာဝတွေ၊ သစ်သီးတွေ၊ ပန်းတွေ၊ လူတွေရဲ့ ပုံရိပ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အလှ အပတွေကို ရေးဖွဲ့ထားတဲ့ ပန်းချီကားတွေကို ဇန်နဝါရီ ၂၄ရက်နေ့က စတင်ပြသခဲ့ပြီး A Beautiful Beginning 2014 လို့ ခေါင်းစဉ်ပေးထားပါတယ်။

ပန်းချီဆရာ စတား မြသန်း၊ သက်အောင်၊ မောင်ဌေးအောင်၊ ကောင်းစံ၊ မန်းဇာဟိန်း၊ မောင်ကျော်ခေါင် စတဲ့ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာအစုံအလင် ပြသထားပြီး စီစဉ်သူ ဒေါ်မိုးမိုးဆန်းက မီးခဲပြာ ဖုံးဖြစ်နေတဲ့ ပန်းချီဆရာတွေရဲ့လက်ရာတွေကို ပြာတွေဖယ်ရှားပေးတဲ့သဘောပါလို့ ဆိုပါတယ်။

ပန်းချီဆရာမ ခင်မေကြည်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ပန်းချီ ၁ဝကားကို အချိန်ယူ ရေးဆွဲခဲ့ရပြီး သူနှစ်သက်တဲ့ သူ့ရဲ့လက်ရာတွေကို ရှင်းပြခဲ့ပါတယ်။

Kamayut Media