ANP မှတ်ပုံတင်ခွင့်လျှောက်

ပို့စ်တင်ချိန် - 1/29/2014 10:39:00 AM


ရခိုင်အမျိုးသား ပါတီ ( Arakan National Party) ၏ နိုင်ငံရေး မှတ်ပုံတင်ခွင့်ကို နေပြည်တော်ရှိ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်တွင် ယခုလ ၂၇ ရက်နေ့က လာရောက် လျှောက်ထားခဲ့သည်ဟု သိရသည်။

ယခင် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်တို့မှ သွားရောက် လျှောက်ထားခဲ့သည်ဟု ပါတီ သတင်းရပ်ကွက်အရ သိရသည်။

မြန်မာအစိုးရပိုင် သတင်းစာများမှလည်း ယခုလို ကြေညာသည်။

ကန့်ကွက်နိုင်ကြောင်းအများသိစေရန် ကြေညာခြင်း

၁။  ရခိုင်ပြည်နယ် စစ်တွေမြို့/လမ်းမတော်တောင်ရပ်ကွက်၊ လမ်းမကြီးအမှတ်(၃၉၃)တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်အမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၇-၁-၂၀၁၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်အလံနှင့် တံဆိပ်တို့ကိုဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။  ယင်းအဖွဲ့အစည်းက အသုံးပြုမည့်ပါတီအမည် အလံနှင့်တံဆိပ်တို့ကို ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်တွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။

Narinjara နိရဉ္စရာ