ဗြိတိန်နိုင်ငံခြားရေးရာနှင့် ဓနသဟာယရေးရာ ဒုဝန်ကြီး Hugo Swire ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောမည်

ပို့စ်တင်ချိန် - 1/29/2014 11:00:00 PM


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး Hugo George William Swire MP တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာ-ဗြိတိန် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ Hugo Swire သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်ရောက်ရှိလာခြင်း ဖြစ်ပြီး မြန်မာ အစိုးရ၀န်ကြီးများနှင့် လည်းကောင်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်းတွေ့ဆုံမည် ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၉ တွင် ကချင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး၊ ၃၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Irrawaddy ဧရာဝတီ သတင်း