သုတ်ထဲတွင် ချို့ယွင်းမှုရှိပြီး မျိုးမအောင်သော ယောင်္ကျားများ ငယ်ငယ်နဲ့ သေဆုံးနိုင်ခြေရှိ

ပို့စ်တင်ချိန် - 5/21/2014 08:45:00 PM


သုက်ထဲမှာ ချို့ယွင်းချက်ရှိတာကြောင့် မျိုးမအောင်တဲ့ အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးဖို့ အန္တရာယ် အရမ်းများကြောင်း လေ့လာမှုသစ်တစ်ရပ်က ထုတ်ဖော်လိုက်ပါတယ်။

သုက်ထဲမှာ ပုံမှန်မဟုတ်တာ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ အမျိုးသားတွေဟာ ရှစ်နှစ်ကျော်အချိန်ကာလအတွင်း သေဆုံးနိုင်ဖွယ်အလားအလာဟာ ပုံမှန်သုက်ရှိတဲ့ အမျိုးသားတွေထက် နှစ်ဆပိုများတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

“ဆေးလိပ်သောက်တာ နဲ့ အ၀လွန်တာဟာ လူတစ်ယောက်ရဲ့ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေပြီး၊ ဒီနှစ်မျိုးစလုံးကို လူတွေက အာရုံစိုက်ကြတယ်။ ဒါပေမဲ့ အမျိုးသားမျိုးမအောင်မှု ဟာလည်း ထိုနည်းတူ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေတယ် ဆိုတာကို ကျွန်တော်တို့ ဒီမှာ တွေ့မြင်နေရတယ်။” လို့ Stanford တက္ကသိုလ်က မျိုးပွားအင်္ဂါ ရောဂါဗေဒ တွဲဖက်ပါမောက္ခ၊ လေ့လာမှုရဲ့ ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Michael Eisenbergက ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar