တရုတ်နိုင်ငံပေါ်သို့ အာကာသမှကျလာသည့်အရာဝတ္ထုများ အာကာသအမှိုက်များသာဖြစ်ကြောင်း ပညာရှင်များပြောကြား

ပို့စ်တင်ချိန် - 5/21/2014 04:07:00 PM


ပေကျင်း၊ မေ-၁၉

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်အတွင်း အာကာသကောင်းကင်ယံမှ ထိုးဆင်းကျရောက်ခဲ့သော အမျိုးအမည်
မသိ အရာဝတ္ထုများမှာအာကာသအမှိုက်များသာဖြစ်ကြောင်း တရုတ်
အစိးုရသတင်းမီဒီယာများက မေ ၁၈ ရက်တွင် သတင်းထုတ်
ပြန်ခဲ့ကြသည်။

ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း သယ်ဆောင်ထားသော ရုရှားဒုံးပျံယာဉ်တစ်စင်း အင်ဂျင်ချွတ်ယွင်းမှုကြောင့် မေ ၁၆ ရက်တွင် ကမ္ဘာမြေပေါ်သို့ ပျက်ကျခဲ့ရပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ အာကာ
သ အမှိုက်များ ကျရောက်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်
လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံ အရှေ့ဖျားဒေသနှင့် နယ်မြေချင်းထိစပ်လျက်ရှိသော ဟေလုံကျန်းပြည်နယ်မှ ဒေသခံများသည် ကောင်းကင်ယံမှ
ထိုးဆင်းလာသည့် အမျိုးအမည်မသိအရာဝတ္ထုများကိုမေ ၁၆
ရကက် တွေ့မြင်ခဲ့ကြရကြောင်း ဆင်ဟွာသတင်းဌာန၏အဆိုအရ
သိရသည်။

သို့ရာတွင် ကျွမ်းကျင်သူများ၏ လေ့လာစစ်ဆေးမှုများအရ ဟေလုံကျန်းပြည်နယ်မှဒေသခံများမြင်တွေ့ခဲ့ရသည့် အမျိုးအ
မည်မသိ အရာဝတ္ထုများမှာဒုံးပျံ ယာဉ်တစ်စင်းသို့မဟုတ် ဂြိုဟ်တု
တစ်စင်း၏အစိတ်အပိုင်းများဖြစ်ကြောင်း တရုတ်အာကာသပညာ
ရှင်က ပြောကြားသည်။

ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော အာကာသစခန်းမှ မေ ၁၆ ရက်တွင် လွှတ်တင်ခဲ့သော ရုရှား ပရိုတွန်ဒုံးပျံယာဉ်သည် ပစ်လွှတ်ပြီး ကိုးမိနစ်အကြာတွင်အင်ဂျင်ချွတ်ယွင်းမှုကြောင့် ကမ္ဘာပေါ်သို့ ပြန်လည်
ထိုးဆင်းခဲ့ရာ ဒုံးပျံယာဉ်ရော၊ သယ်ဆောင်ထားသည့်ဂြိုဟ်တုပါ လေထုလွှာအတွင်း မီးလောင်ပျက်စီးခဲ့ရသည်။

အေအက်ဖ်ပီ
စံတော်ချိန် နေ့စဉ်သတင်းစာ