ဟာဝိုင်ယီ သိပ္ပံပညာရှင်များ ပင်လယ်ရေအောက် မီးတောင် ရှာဖွေတွေ့ရှိ

ပို့စ်တင်ချိန် - 5/21/2014 01:58:00 PM

ဓာတ်ပုံ - dailymail.co.uk

ဟိုနိုလူလူ မေ ၂၀

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်မှ သိပ္ပံပညာရှင်များသည် ရှေးဟောင်းပင်လယ်ရေ အောက် မီးတောင်တစ်လုံးကို ရှာဖွေတွေ့ရှိရကြောင်း အမေရိကန် ဘူမိဗေဒအသင်းက ထုတ်ပြန်သော သတင်းကြေညာချက်တစ်ရပ် တွင် ဖော်ပြသည်။

အဆိုပါ ပင်လယ်ရေအောက်မီးတောင်သည် မြုံနေသောမီးတောင် တစ်လုံးဖြစ်ပြီး တစ်ချိန်တစ်ခါက ပင်လယ် ရေ မျက်နှာပြင်အထက်သို့ ပေ ၃ဝဝဝ အထိ ထိုးထွက်နေသည့် မီးတောင်တစ်လုံးအဖြစ်ရပ်တည်ခဲ့ ကြောင်း၊ အိုယာဟူကျွန်းဖြစ်ပေါ်လာသည့် ဘူမိ ဖြစ်စဉ်တွင် ယင်းမီးတောင်က အထောက်အကူပြုခဲ့ သည်ဟု သိပ္ပံပညာရှင်များက ယူဆကြကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန် ဟာဝိုင်ယီ ကျွန်းစုများအနက် တတိယအကြီးဆုံးကျွန်း မှာ အိုယာတူကျွန်းဖြစ်ကာ လူဦးရေကိုးသိန်းကျော် နေထိုင်ရာ ကျွန်းတစ်ကျွန်း ဖြစ်ပြီး ဟာဝိုင်ယီပြည်နယ်၏ မြို့တော်ဟိုနိုလူလူသည် ယင်းကျွန်းတွင် တည်ရှိသည်။

ရှေးဟောင်း ပင်လယ်ရေအောက်မီးတောင်ကို ကယ်နာဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင်း ငါးသန်းခန့်က စတင်ပေါက်ကွဲခဲ့ကာ ကျွန်းများကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။


MOI Webportal Myanmar