ရဲတစ်ဦးသေဆုံးခဲ့သော ပလောင်ကျေးရွာပဋိပက္ခနှင့် ပတ်သက်၍ မလက်တိုကျေးရွာအုပ်စုမှ ရွာသားများကိုဖမ်းဆီး

ပို့စ်တင်ချိန် - 5/21/2014 01:20:00 PM


မင်းဟိန်းထက်

ရန်ကုန်၊ မေ ၁၆- မေ ၁၅ ရက်က မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ကျေးရွာများတွင် ရွာသား များကိုဖမ်းဆီးခြင်းမှာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် ပလောင်ကျေးရွာပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့် အရေးယူ ထားသည့် တရားခံပြေးများကို ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း မအူပင်မြို့နယ် ရဲမှူးညွန့်ဝေကပြောသည်။
အဆိုပါပဋိပက္ခတွင် ပါဝင်ခဲ့သည့် မအူပင် မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ရွာသားများကို မေ ၁၅ ရက် နံနက် ၄ နာရီခန့် တွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖမ်းဆီးနေသည် ဟု သတင်းများထွက်နေခြင်းအပေါ် ယခုကဲ့သို့ တုံ့ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

''အရင်နှစ်က အရေးအခင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးတာနဲ့ ဒဏ်ရာရအောင်ပြုလုပ်ခဲ့သူတွေ ကို တရားစွဲခဲ့ပေမယ့် အမှုကိုရင်မဆိုင်ဘဲ ရှောင်တိမ်း နေခဲ့တာပါ။ ရွာထဲမှာ ပုန်းနေတယ်လို့ သတင်းရလို့ ဝင်ဖမ်းဆီးခြင်းဖြစ်တယ်''ဟု ရဲမှူးညွန့်ဝေကပြောသည်။
အဒိတ်ကျေးရွာနှင့် ပလောင်ကျေးရွာသို့ ဝင်ရောက်ရှာဖွေရာတွင် အင်အားသုံးအကြမ်းဖက်ခြင်း မရှိသလို အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ယင်းကဆက် ပြောသည်။

၂ဝ၁၃ ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သည့် ပဋိ ပက္ခတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့် ဒဏ်ရာရရှိ စေမှုများဖြင့် မလက်တိုကျေးရွာအုပ်စုအတွင်းမှ ရွာ သားကိုးဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖွင့်ထားသည့် ရွာသားကိုးဦးတွင် ငါး ဦးကို ဖမ်းဆီးထားပြီး ကျော်မင်း၊ မင်းဒင်၊ အောင်ကြည် နှင့် ဒေါ်စမ်းတို့လေးဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

''မနက် ၄ နာရီလောက်မှာ ရွာကို ရဲအင် အား ၄ဝ နဲ့ဝိုင်းထားပြီး ဝင်ရှာကြတာ။ ရွာသားတွေ ကလဲ ဘယ်သူ့ကိုဖမ်းမှန်းမသိတော့ ထွက်ပြေးနေရ တယ်။ ရွာပြင်မှာလဲ လက်နက်အပြည့်အစုံနဲ့ စောင့် နေကြတာ''ဟု ပလောင်ကျေးရွာဒေသခံ ကိုမောင်ကြိုင် ကပြောသည်။
၂ဝ၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ မှာ မလက်တိုကျေးရွာအုပ်စု ပပင်၊ ပလောင်၊ အဒိတ်၊ လက်ပံကုန်း၊ ကွန်တိုင်းလေးရွာများမှ မြေသိမ်းဆည်း ခံ လယ်သမားများက ¤င်းတို့လယ်ယာမြေ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းထားသည့် လယ်မြေဧက ၅ဝဝ ကျော်ပေါ်တွင် ဝင်ရောက်ထွန်ယက်ရာမှ ရဲတပ် ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်များ၏ အကြမ်းဖက်မှုကြောင့် ရွာသား ၁၅ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းဌာနများ တွင် ဖော်ပြထားချက်အရ သိရသည်။

Yangon Media Group