တိုက်ပွဲဖြစ်ပွားမှုတွေ အရှိန်မြင့်လာနေသည့် မြို့တော်ထရီပိုလီ

ပို့စ်တင်ချိန် - 5/21/2014 12:33:00 PM


လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီဒေသမှာ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲအနေနဲ့ မြို့တော် ထရီပိုလီ တစ်လျှောက်မှာ တိုက်ပွဲတွေ
ဖြစ်ပွားနေတာကြောင့် တရားရေးရာဝန်ကြီးက နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံသားတွေပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သမားတွေက လစ်ဗျားလွှတ်တော်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ နိုင်ငံမြို့တော် ထရီပိုလီတစ်လျှောက်မှာ
တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေဟာ မြို့တော်ထရီပိုလီမှာရှိတဲ့ အထွေထွေအမျိုးသားညီလာခံကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်နေ့တာ
ဆွေးနွေးပွဲပြီးလို့ ပြန်သွားကြချိန်ဖြစ်ပြီး လက်နက်ကိုင်တွေဟာ ကွန်ဂရက်စ်ကို သွားနိုင်တဲ့ လမ်းတွေကိုလည်း ပိတ်ထားခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာဖြစ်တဲ့
လာနာ LANA  က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး (၆၆)ဦးဒဏ်ရာရရှိခဲ့တယ်လို့ လစ်ဗျား ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဥပဒေပြု လွှတ်တော်အမတ်တွေရဲ ပြောပြချက်အရ အမျိုးသားအထွေထွေ ညီလာခံ ကျင်းပရာနေရာ အဆောက်အဦတစ်ဝိုက်မှာ
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် မြို့တော်တောင်ပိုင်းရှိ ဆင်ခြေဖုံး ရပ်ကွက်တွေက လမ်းတွေပေါ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင်
စစ်သွေးကြွတွေကြားက တိုက်ပွဲတွေဖြစ်ပွားလျက် ရှိနေတယ်လို့ သိရပါတယ်။

Source;CNN
ဘာသာပြန်-David
The Myanma Age