ယူကရိန်းနယ်စပ်က တပ်တွေရုပ်ဖို့ ရုရှားသမ္မတအမိန့်ထုတ်

ပို့စ်တင်ချိန် - 5/21/2014 12:34:00 PM


ယူကရိန်းနယ်စပ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ ရုရှားတပ်တွေကို အခြေစိုက်စခန်းဆီ ပြန်ရုပ်သိမ်းဖို့ ရုရှားသမ္မတ Vladimir Putin က အမိန့်ပေးထားပြီပါပြီ။

ယူကရိန်းမှာကျင်းပတော့မယ့် အရေးကြီးတဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို ရုရှားအစိုးရဘက်ကနေ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ၊
ဒါပေမယ့် နေတိုးဘက်တော့ ရုရှားတပ်တွေ ဆုတ်ခွာသွားတာမျိုး မတွေ့သေးဘူးလို့ ဆိုပါတယ်။

ရုရှားအစိုးရဘက်ကလည်း ယူကရိန်းအရှေ့ဘက်ခြမ်းမှာရှိနေတဲ့ ယူကရိန်းတပ်တွေကို ပြန်ရုပ်သိမ်းဖို့ ယူကရိန်းအစိုးရကို တောင်းဆိုထားပါတယ်။

အဲဒီဒေသမှာ ရုရှားလိုလားတဲ့ သူပုန်တွေကို ယူကရိန်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ပါတယ်။ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ဘက်ဒေသကို
ကိုယ်ပိုင်သီးခြားလွတ်လပ်တဲ့ နယ်မြေအဖြစ် ကြေညာခဲ့ပြီး ရုရှားနိုင်ငံနဲ့ပူးပေါင်းဖို့ ထောက်ခံခဲ့ကြပါတယ်။

ယူကရိန်းအရှေ့ပိုင်းက မြို့ကြီးအများအပြားမှာ ယူကရိန်းလုံခြုံရေးတွေနဲ့ လက်နက်ကိုင်သူပုန်တွေကြားအကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာမကြာဖြစ်ပွားနေကြောင်း သိရပါတယ်။

Source;Reuters
ဘာသာပြန်-David
The Myanma Age