ဆန္ဒပြပွဲများကြောင့် ကမ္ဘာ့ဖလားပွဲ ပျက်စီးမည်ကို ပီလီ စိုးရိမ်

ပို့စ်တင်ချိန် - 5/21/2014 07:39:00 PM


ဇွန်လ ဘရာဇီးလ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲဟာ ဆန္ဒပြပွဲတွေကြောင့် ပျက်စီးသွားမှာကို စိုးရိမ်တယ်လို့ ဘရာဇီလ်း ဂန္တ၀င် ကစားသမား ပီလီက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာဖလား လက်ခံကျင်းပဖို့ အတွက် မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် လူအတော်များများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဘောလုံးကွင်းတွေအစား ကျောင်းတွေ ဆေးရုံတွေ ဆောက်လုပ်ပေးဖို့ လူတွေက တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြတဲ့သူတွေကို ကိုယ်ချင်းစာသလို နိုင်ငံခြားသား အတော်များများက ဆန္ဒပြပွဲကြောင့် ဘရာဇီးလ် ခရီးစဉ်ကို ပယ်ဖျက်နိုင်တဲ့ အတွက် တိုင်းပြည်အတွက် နစ်နာတယ်လို့ဆိုပါတယ်။

ပီလီဟာ ကမ္ဘာဖလား ကျင်းပရေး ကော်မတီရဲ့ အထူးအကြံပေး ဖြစ်ပြီး ဘရာဇီးလ်မှာ တချို့ဘောလုံးကွင်းတွေ ဆောက်လုပ်မပြီးတာကို စိုးရိမ်နေပါတယ်။

DVB Burmese