Galaxy S5 အလုံးရေ ၁၁ သန်းရောင်းချခဲ့ရကြောင်း Samsung ဆို

ပို့စ်တင်ချိန် - 5/21/2014 10:56:00 AM


Samsung သည် Galaxy S5 စတင်ထွက်ရှိသည့် အချိန်မှစ၍အလုံးရေ စုစုပေါင်း ၁၁ သန်းရောင်းချခဲ့ရကြောင်း ကုမ္ပဏီအကြီးအကဲ J.K. Shin ကပြောကြားသွားခဲ့သည်။ မိမိတို့အနေဖြင့် S5 ကိုစတင်ရောင်းချခဲ့သည်မှာ တစ်လရှိပြီဖြစ်ကြောင်း ၎င်းစမတ်ဖုန်းရောင်းချမှုသည် Galaxy S4 ထက်ပိုမိုများပြားကြောင်း Shin က The Wall Street Journal သို့ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Samsung သည်တစ်လအတွင်း Galaxy S4 အလုံးရေ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း သိရသည်။ Galaxy S5 ရောင်းချမှုမြင့်တက်ရခြင်းသည် ကုမ္ပဏီအနေဖြင့် ဖုန်းများကို ၁၂၅ နိုင်ငံ၌ တစ်ချိန်တည်း ရောင်းချရန်သဘောတူညီချက်များ ရရှိနိုင်စေရန် ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ခဲ့ကြောင်း Shin ကပြောကြားခဲ့သည်။ Galaxy S5 ရောင်းချမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အမေရိကန်၊ သြစတြေးလျနှင့် ဂျာမနီနိုင်ငံတို့တွင် ပိုမိုကောင်းမွန်ကြောင်းသိရသည်။

Samsung အနေဖြင့် မိုဘိုင်းရောင်းချမှုများ တိုးတက်နေသော်လည်း ပြီးခဲ့သည့်လအနည်းငယ်က ကုမ္ပဏီတွင်ခက်ခဲသော အချိန်များရှိခဲ့သည်။ Samsung သည်ခြောက်လခန့်အတွင်း အရှုံးပေါ်ခဲ့သည့်အပြင် ယခုနှစ်သုံးလပတ်တွင် စမတ်ဖုန်းဈေးကွက်အတွင်း ၁ ရာခိုင်နှုန်းဆုံးရှုံးခဲ့ကြောင်း သိရသည်။ Samsung သည် ၂၀၀၉ ခုနှစ်မှစတင်၍ စမတ်ဈေးကွက်တွင် ပထမဆုံးကျဆင်းမှု ဖြစ်လာကြောင်းသိရသည်။

-စိုးထက်
Ref: CNET
Internet Journal