မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ပို့စ်တင်ချိန် - 5/21/2014 08:52:00 PM




အောင်ဟိန်းခိုင် ၊ မေ ၂၁ (ref: Mirror)
မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ၎င်းအမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုး ကန်ဒယ်လီရီးယား ဟာ ၃ နှစ်အရွယ်ကလေးမလေးကို အိမ်သာထိုင်ခုံပေါ်သို့အတင်းအကြပ် ထိုင် ခိုင်းပြီး မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းစေခဲ့ပါတယ်။

ရေချိုးနေစဉ်တွင်း မိမိစွန့်ခဲ့မိသည့် မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းခြင်း ခံခဲ့ရတဲ့ ၃ နှစ်အရွယ်ကလေးမလေး၏ ဖခင်ဖြစ်သူ၏ ရည်းစားဖြစ်သူ ကန်ဒယ်လီရီယား တစ်ယောက် ယခုအချိန်မှာတော့ ကလေးသူငယ် ညှင်းပန်းနှိပ်စက် မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားပြီဟု ဒေသခံတီဗီသတင်းဌာန KNXV ကပြောပါတယ်။

ကလေးငယ်၏အမည်နှင့် မည်သူမည်ဝါဖြစ်သူကို မီဒီယာများက ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေမယ့် ၎င်းကလေးမလေးဟာ ဖခင်ဖြစ်သူ၏ အိမ်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကာ ဖခင်၏ရည်စားဖြစ်သူရဲ့ အနှိပ်အစက်များကိုခံနေခဲ့ရသူဖြစ်ပါတယ်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေရတဲ့ ကလေးမရဲ့အခြေအနေဟာ မှုခင်းဆရာဝန်များ၏ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့ နံဘေး ၊ ကျော ၊ ရင်ဘတ် နှင့် ခြေထောက်တို့မှာ အတွင်းကျေဒဏ်ရာများရရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကလေးမလေးဟာ ကန်ဒယ်လီရီးယားရဲ့ အနှိပ်အစက်တွေကို တော်တော်ခံထားရနိုင်တယ်ဟု ပြောပါတယ်။

ကလေးမလေးရဲ့ အမွှာမောင်နှစ်မတစ်ဦးနှင့် ၅ နှစ်အရွယ်အစ်ကိုဖြစ်သူတို့ကလည်း ကန်ဒယ်လီရီးယား ဟာ ၎င်း ကလေးမလေးကို အတင်းအကြပ် မစင်များကို စားစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားထားပါတယ်။

ကလေးတွေရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းခွင်သို့သွားရောက်နေစဉ် ကလေးများကို ထိန်းကျောင်းပေးခဲ့တဲ့ ကန်ဒယ်လီရီးယား ကတော့ သူမအနေနဲ့ ကလေးငယ်များကို အတင်းအကြပ် စေခိုင်းမှုများမပြုလုပ်ခဲ့ပါဘူးဟု ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့ကတော့ သူမကို အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)