အွန်လိုင်းမှာ ကလေးမွေးလို့ တကယ့်အပြင်က ကလေးသေရ

ပို့စ်တင်ချိန် - 5/21/2014 11:13:00 AM


တောင်ကိုရီးယားမှာ ဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းကို အင်မတန် စွဲလမ်းတဲ့ ဇနီးမောင်နှံကြောင့် သူတို့ရဲ့ ၃ လသား အရွယ် ကလေးငယ်လေးဟာ အိမ်မှာ သေဆုံးခဲ့ရ ပါတယ်။

ယင်း လူငယ် ဇနီးမောင်နှံဟာ Prius Online လို့အမည်ရတဲ့ 3-D fantasy ဂိမ်း စွဲလမ်းပြီး အွန်လိုင်းမှာ ကလေးတစ်ယောက် မွေးပါတယ်။ တစ်ခါ ကစားရင် ၁၀ နာရီတောင် ကြာပါတယ်။ အွန်လိုင်းက ကလေးငယ် ကြီးပြင်းအောင် မွေးဖွား စောင့်ရှောင့်ပေးရပြီး စော့ရင်စောင့်နိုင် သလောက် ပါဝါတွေ တိုးမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်ကို  အနည်းဆုံး ၁၀ နာရီ အင်တာနက် ဆိုင်သွား သွားဆော့ကြတဲ့ ဇနီးမောင်နှံဟာ ကလေးငယ် ကို ကူသူမရှိ ပုခက်ထဲ ထားခဲ့ ပါတယ်။

၃ လသား အရွယ်ဆိုတာ အချိန်ပြည့် စောင့်ရှောင့်ပေးမယ့်သူ ရှိမှ အသက်ရှင်ဖို့ လွယ်တာပါ။ နောက်တော့ သေဆုံးသွားပါတယ်။ ဒါကြောင့်မို့ ယင်း လူငယ် ဇနီးောမင်နှံ နှစ်ဦးကို တရားစွဲ အရေးယူ ထားပြီး လူသတ်မှု တစ်ခု အဖြစ် အရေးယူ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: CNN

အောင်ခမ်း
International news for Myanmar