ခရီးသွားများအတွက် Google Glass တွင် Foursquare နှင့်Tripit ထည့်သွင်း

ပို့စ်တင်ချိန် - 5/21/2014 10:56:00 AM


Google Glass ကိုဝတ်ဆင်အသုံးပြုသူများ အနေဖြင့် Foursquare, Tripit နှင့် Open Table app များကိုအသုံးပြုပြီး ခရီးသွားလာနိုင်ပြီဟု Google+blog တွင်ကြေညာချက်အရ သိရသည်။

Tripit သည်ခရီးသွားများအား လေကြောင်းလိုင်း၊ ဟိုတယ်နှင့်စားသောက်ဆိုင် ကြိုတင်မှာယူမှုများ ပြုလုပ်ပေးနိုင်သည့်အပြင်  နေရာတစ်ခုချင်းစီအတွက် လမ်းညွှန်မှုများကိုလည်း ပြုလုပ်ပေးနိုင်သည်။ Foursquare ကမူ Google Glass သုံးစွဲသူများအား စားသောက်ဆိုင်များ၊ စတိုးများနှင့် နီးစပ်ရာအခြားစီးပွားရေး လုပ်ငန်းများကို check in ပြုလုပ်နိုင်စေမည်ဖြစ်သည်။ Open Table ကမူခရီးသွားများအား  ဧရိယာအတွင်းရှိ စားသောက်ဆိုင်များကို ကြိုတင်မှာယူမှုများ ပြုလုပ်ပေးနိုင်သည်။

Google  Glass ကိုခရီးသွားများအား မှန်ကန်သည့်လမ်းညွှန်ချက်ဖြင့် သွားလာနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။  Word Lens ဟုခေါ်သည့် app သည် Google Glass ဝတ်ဆင်သူ၏ မျက်လုံးထံ သုံးစွဲသူ၏ မိခင်ဘာသာစကားဖြင့် စာသားများကို ဘာသာပြန်ပေးနိုင်သည်။ ပြီးခဲ့သည့်နှစ်ကလည်း Google က Glass အတွက်အနီးအနားမှ စိတ်ဝင်စားဖွယ်နေရာများကို ရှာဖွေပေးနိုင်သည့် Field Trip app ကိုမိတ်ဆက်ပေးခဲ့သည်။

Google Glass ဝတ်ဆင်သုံးစွဲသူများသည် MyGlass app မှတစ်ဆင့် Glassware သစ်များကိုထည့်သွင်း နိုင်မည်ဖြစ်သည်။ ထို့အပြင် Google သည် Google Glass သုံးစွဲသူများ၏ နွေရာသီခရီးစဉ်ဓာတ် ပုံများနှင့် ဗီဒီယိုများကို hashtag#travelthroughglass ဖြင့် Google+ တွင်တင်ရန် ဖိတ်ကြားမှုတစ်ရပ် ပြုလုပ်ထားသည်။



-နောင်နောင်
Ref: CNET
Internet Journal