ထိုင်ဝမ်မှာ နိုင်ငံအတွင်းမှာ အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင်

ပို့စ်တင်ချိန် - 5/21/2014 01:51:00 PM


ထိုင်ဝမ်ကျွန်း နိုင်ငံမှာ အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်ခြင်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက ဖြစ်ပါတယ်။

ယင်းမတိုင်ခင်ကလည်း ထိုင်ဝမ် ကျွန်းက နေရာ အတော် များများမှာ အင်တာနက် အခမဲ့ အသုံးပြုလို့ ရပါတယ်။ နှစ်စဉ် နေရာ တိုးချဲ့လာရာ ကနေ ၂၀၁၃ နှစ်ဆန်း ရောက်တော့ တစ်နိုင်ငံလုံး ဧရိယာကို ဖုံးလွမ်း သွားနိုင် ခဲ့ ပါတယ်။ Hotspot ပေါင်း လေးသောင်းကျော် ကို နေရာအနှံ့ ဖြန့်ထားခြင်း ဖြစ် ပါ တယ်။ ထိုင်ဝမ် နိုင်ငံသား တွေတင် မကပဲ ကမ္ဘာလှည့်ခရီးသည် များ၊ နိုင်ငံကို လာရောက် နေထိုင်တဲ့ နိုင်ငံခြားသား များကိုလည်း အခမဲ့ ပေး ပါတယ်။

အထူးသဖြင့် လူအသွားအလာများ၊ အလည်အပတ် များတဲ့ နေရာ တွေမှာ ပိုအလေးပေး ထားရှိ ပါတယ်။ အင်တာနက် မြန်နှုန်းဟာလည်း တစ်စက္ကန့်ကို 1Mbps မြန်ဆန်မှု ရှိပြီး ယင်းထက် ပိုလို ချင်ပါကလည်း လူတိုင်း ဝယ်နိုင် လောက်အောင် ဈေးသက်သာ ၍ မြန်ဆန်သော ဝန်ဆောင်မှု ကို ပေးထား သေးကြောင်း သိရ ပါတယ်။
.
Ref: CNN
အောင်ခမ်း (ရိုးရာလေး)