မြန်မာဆိုတော့မြန်မာ့ခြင်းကိုကြိုက်တာပေါ့

ပို့စ်တင်ချိန် - 6/13/2014 10:17:00 AM


မြန်မာကွကိုမျိုးမြန်မာစာ ဒီကနေ့ ကမ္ဘာ့ဖလားဖွင့်ပွဲမှာဘယ်သူတွေ ဘာကိုသဘောကျခဲ့ကြလေမလဲ။ ဂျေလိုးရဲ့ လှစ်ဟာနေတဲ့ရင်နှစ်မြွှာကိုလား ။ ကျွန်တော်တို့ မြန်မာတွေကတော့ ထိုးကွင်းမင်ကြောင်နဲ့ ခါးတောင်းမြှောင် အောင်ကြိုက်ကာခြင်းခတ်အလှပြသွား တဲ့မြန်မာ့ခြင်းခတ်အားကစားသမားတွေလို့ပဲကိုယ့် အကြိုက်နဲ့ကိုယ်ဆိုလိုက်ချင်ပါတယ်။ ဒီမြင်ကွင်းကြောင့်အာရှရဲ့ ဘရာဇီးအသင်း ရယ်လို့ကျော်ကြားခဲ့လေဖူးတဲ့မြန်မာ့ဂုဏ် ဆောင်ဘောလုံးအသင်းရဲ့ ရွှေခေတ်ကိုတောင် ပြန်အမှတ်ရမိပါရဲ့ ။ ဟောဒီကမ္ဘာ့ဖလားဘောလုံး ပွဲကြီးကိုအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ဘရာဇီး က သူတို့ ဂရုပြုအတုယူအားကျခဲ့ကြရတဲ့ ၂၇ကြိမ်မြောက်ဆီးဂိမ်းဘောလုံးပွဲကြီးကို မီးပန်းကုန်ယမ်းပန်းကုန်ဟည်းထအောင် ကျင်းပခဲ့တဲ့အိမ်ရှင်မြန်မာနိုင်ငံကခြင်းလုံး အားကစားပြကွက်ကိုသူတို့ ဖွင့်ပွဲမှာထည့် သွင်းဖို့ အာသီသတွေရှိခဲ့ကြတာဘာအံ့သြ စရာရှိမှာလဲ။ အံ့သြရတာကဘရာဇီးကမ္ဘာ့ဖလားပွဲကို မြန်မာ့ခြင်းအဖွဲ့ကငြင်းခဲ့လေပြီးကြောင်း မီဒီယာတွေမှာပါခဲ့ပေမဲ့အခုလိုတကယ်ပွဲ ကြီးလည်းစရော တစ်ကမ္ဘာ လုံးက ပရိသတ် တွေအာရုံကိုဖမ်းစားထားတဲ့ကွင်းလည်မှ အလုံးကြီးတဖြည်းဖြည်းပွင့်လာပြီး အလုံးကြီးထဲက ခြင်းလုံးအလှခတ်မြန်မာ အားကစားမယ်လေးခြင်းလုံးအစွမ်းပြမှု ပြကွက်ပေါ်ထွက်လာလို့ပါပဲ။ အံ့သြလို့မဆုံးသေးကွင်းလေးဘက်လေး တန်ကကမ္ဘာ့ငြိမ်းချမ်းရေး စိမ်းလန်းရေးသဘာဝအလှ သရုပ်ပြနေသူတွေကြားမှာလည်း ထိုးကွင်းမင်ကြောင်ထိုးထားပြီးခါးတောင်း မြှောင်အောင်ကြိုက်လို့ဝိုင်း ကြီးပတ်ပတ်လည်ကာခြင်းလုံးကိုမြေမကျ လှခတ်အစွမ်းပြတဲ့အဖွဲ့ များစွာ ကိုတစ်ပြိုင်တည်း တွေ့ လိုက်ကြရပြန်ပါတယ်။ ဒါပေမဲ့ဒီလောက်များတဲ့မြန်မာ့ခြင်းအားကစားသ မားတွေအစုလိုက်အပြုံလိုက်ဘရာဇီးကိုသွားခဲ့ကြ တာမြန်မာသတင်းသမားတစ်ဦးအနေနဲ့မသိရ ကောင်းလားလို့ စိတ်ထဲကြိတ်မနိုင်ခဲမရတွေး မိဖြစ်ပါသေးတယ်။နောက်မှတစ်စိမ့်စိမ့်တွေး မိလာတာကဂျေလိုးတောင်မဖျော်ဖြေဖြစ် တော့သယောင်ပြုခဲ့သေးတာပဲ တို့မြန်မာခြင်းအဖွဲ့လည်းဒီလိုပဲကမ္ဘာ့ မီဒီယာတွေကိုမျက်လှည့်ပြနိုင် တာဘာအဆန်းလဲလို့ လေ။ ဖေ ဖေဖေ ဖေဖေ သမီးကျောင်းသွားတော့မယ် ဟေ ကျောင်းသွားတော့မလို့လား ဘယ်လိုဖြစ်တာလဲည၁၂နာရီပြန်ထဖို့  နာရီ Alarm ပေးထားတာလေ သမီးလေး ရဲ့  အခုကဘယ်အချိန်ရှိပြီလဲ ကျွန်တော်အိပ်ရာကလူးလဲအထ အိမ်ပေါက်ဝကနေ သမီးလေးရဲ့  သြော် Alarm မြည်တာဖေဖေ မှမနိုးတာ အခုမနက်တောင်ရောက်လို့ ကျောင်းကားတောင် ရောက်လာပြီသွားပြီနော်ဖေဖေ လို့ နှတ်ဆက်ပြေလွှားထွက်ခွါသွားသံ သာကြားလိုက်ရပါလေတော့တယ်

Popular Journal