ခြင်္သေ့၊ ကျား၊ ၀က်ဝံတို့နဲ့အတူ တစ်ပြိုင်တည်း ရေကူးနိုင်တဲ့ နေရာ

ပို့စ်တင်ချိန် - 6/13/2014 01:17:00 PM




ခြင်္သေ့၊ ကျား၊ ၀က်ဝံစတဲ့ တိရိစ္ဆာန်တွေကို အန္တရာယ်ရှိတဲ့ အကောင်တွေ အဖြစ် သတ်မှတ်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီတိရိစ္ဆာန်တွေနဲ့ အတူ တစ်ပြိုင်တည်း ရေကူးနိုင်တဲ့ နေရာ တစ်ခုရှိပါတယ်။ အဲဒီနေရာ ကတော့ အမေရိကန် ပြည်ထောင်စု၊ ကာရိုလိုင်းနား ပြည်နယ်တောင်ပိုင်း မှာရှိတဲ့ အပန်းဖြေ စခန်း တစ်ခုမှာ ဖြစ်ပါတယ်။ ဒီအပန်းဖြေ စခန်းဟာ ဆာဖရီနဲ့ တွဲဖက်ထားပြီး လာရောက်တဲ့ ဧည့်သည်တွေကို တစ်နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ခြင်္သေ့၊ ကျား၊ ၀က်ဝံတို့က ပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြမှာ ဖြစ်ပါတယ်။

ဒီတိရိစ္ဆာန်သုံးကောင် အပြင် အခြား တိရိစ္ဆာန်တွေပါ ထားရှိသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လိမ္မာတဲ့ တိရိစ္ဆာန်တွေနဲ့ ရေအတူ ကူးနိုင်ပြီး ဓာတ်ပုံတွဲရိုက်မှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ငယ်ရွယ် ချောမောတဲ့ အမျိုးသမီးတွေ ကိုယ်တိုင် ခြင်္သေ့၊ ကျား၊ ၀က်ဝံတို့နဲ့ အတူ ရေကူးပြီး ဓာတ်ပုံတွဲ ရိုက်ခဲ့ပါတယ်။ တိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒေါက်တာ အန်တလီ က ခြင်္သေ့၊ ကျား၊ ၀က်ဝံတို့နဲ့ အတူ ဆော့ကစားခြင်းကြောင့် ထူးခြားတဲ့ တွေ့အကြုံကို ခံစားရရှိတဲ့ အပြင် ကျန်းမာရေးကိုများစွာ အထောက်အကူ ဖြစ်စေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။


messenger news journal