သရုပ်ဆောင် ကောင်းတယ်လို့ ချီးမွမ်းခံချင်သူ ခင်ဝင့်ဝါ

ပို့စ်တင်ချိန် - 6/13/2014 06:57:00 AM



”သူက မင်းသမီး၊ ချောတယ် ဆိုတာထက် သူက သရုပ်ဆောင် သိပ် ကောင်းတာပဲ”ဟု ချီးမွမ်းတာကို ခံချင်ကြောင်း ခင်ဝင့်ဝါက ပြောသည်။

”အခုလောလောဆယ် ရှုတင်က ကိုဖြိုးငွေစိုး နဲ့ ရိုက်တယ်။ အိုက်တင် တိုးတက် လာတာထက် ပိုကောင်းအောင် ကြိုးစားနေတယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။ လိုအပ်ချက် မရှိအောင်တော့ ကြိုးစား လုပ်ပေမယ့် လိုအပ်ချက် ဆိုတာ နေရာတိုင်းမှာ ရှိတဲ့အတွက် အကောင်းဆုံး ဖြစ်အောင် သင်ယူမှု လေ့လာမှုနဲ့ အနုပညာ အလုပ်ကို ဆက်လုပ်ဖို့ ရှိသလို ပရဟိတ ဘက်မှာလည်း မလစ်ဟင်းအောင် အမြဲ ပါဝင်မယ်”ဟု ခင်ဝင့်ဝါ က ဆိုသည်။

”ဇာတ်ကား တစ်ကားကို လက်ခံရင် ဒီကားမှာ ချစ်စရာ ပုံစံ လက်ခံရင် နောက်တစ်ကား က စမတ်ကျ ဖြစ်အောင်တော့ ရွေးပြီး လုပ်ဖြစ်တယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။ အခု ဒီတစ်လနှစ်လ အတွင်းမှာ ကာရိုက် တာ အဆန်းရိုက်ဖို့ ပြောထားတာ ရှိပေမယ့် မသေချာသေးဘူး”ဟု ၄င်းက ပြောသည်။

ခင်ဝင့်ဝါက မိုးတွင်း ပရဟိတနဲ့ပတ်သက်ပြီး နယ်ဝေးတွေ မသွား ဖြစ်ပေမယ့် ဘိုးဘွားရိပ်သာ နဲ့ ဦးကျော်သူ နာရေးကူညီမှု အသင်းဆီကို တော့ အမြဲသွားပြီး ပရဟိတ အလုပ်ကို ဆောင်ရွက် မည်ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ထူးထူး

Popular Myanmar