အိန္ဒိယမှာ မုဒိမ်းမှု ထပ်မံဖြစ်ပွား

ပို့စ်တင်ချိန် - 6/13/2014 10:00:00 AM



အန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒေ့ရှ် ပြည်နယ်မှာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး သစ်ပင်ပေါ် ကြိုးဆွဲချသေဆုံးနေတာကို ထပ်မံ တွေ့ခဲ့ရပါတယ်။
အခုဆက်ကျော်သက်အရွယ် အမျိုးသမီးဟာ မုဒိမ်းကျင့်ခံရပြီးနောက် သစ်ပင်ပေါ် ကြိုးဆွဲချခံရတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သစ်ပင်ပေါ် ကြိုးဆွဲချ သေဆုံးတာကို တွေ့ခဲ့ရပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့ မိသားစုဝင်တွေကတော့ အဲဒီအမျိုးသမီး အရက်တွေရောင်းတာကို တားဆီးတဲ့လူတွေရှိပြီး သူ့ကို မုဒိမ်းကျင့်ပြီး ကြိုးဆွဲချကြတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အဲဒီမတိုင်ခင် ညီအစ်မ ဝမ်းကွဲတော်စပ်သူ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် နှစ်ဦးလည်း သစ်ပင်ပေါ်မှာ ကြိုးဆွဲချသေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။
အခုလို ဖြစ်ရပ်တွေ ဒီသတင်းပတ်တွေအတွင်း ဖြစ်ပေါ်နေတဲ့အတွက် အိန္ဒိယနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောဆိုကြပြီး အူတာပရာဒေ့ရှ်ပြည်နယ် အစိုးရကိုလည်း ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။



ABC Radio Australia - မြန်မာပိုင်း