ပထမကမ္ဘာစစ်က ဘီစကွတ်နှစ်ချပ်ကို လေလံတင်ရောင်းချမည်

ပို့စ်တင်ချိန် - 6/13/2014 01:26:00 PM


ဇွန်၊၁၂။

ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်ဖွဲ့ဝင်တွေကို ထုတ်ပေးခဲ့တဲ့ နှစ်ပေါင်း
၁ဝဝ သက်တမ်းရှိ ဘီစကွတ်နှစ်ချပ်ကို ဆက်ဖော့ခ်မြို့
မားတာလ်ရှမ်းရွာမှာကျင်းပမယ့်လေလံပွဲမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
အဲဒီ ဘီစကွတ် နှစ်ချပ်ဟာ Queen တပ်မရဲ့ အမှတ်(၅)တပ်ရင်းက ဗိုလ်အဆင့်ရှိ
လိုင်ယွန်နယ်ဘရူးစ်ချားလ်စ်ဆိုသူက ရှေ့တန်းမှာဝေပေးတဲ့ ရိက္ခာကို
အိမ်ပြန်ယူလာပြီးနောက် ကျန်ရှိတဲ့ဘီစကွတ် ဖြစ်ပါတယ်။
အသက်သွေးချွေးများစွာပေးဆပ်ခဲ့ရတဲ့ ပထမ ကမ္ဘာစစ် ဘီစကွတ်တွေကို
အဲဒီလေလံပွဲမှာ ယူရို ၆ဝ နဲ့ ကနဦးဈေးဖွင့်သွားမှာ ဖြစ်ပြီး ဘီစကွတ်ပေါ်၌
“Biscuits used in Suvla Bay” လို့ ရေးထိုးထားပါတယ်။ ပြီးတော့
အဲဒီလေလံပွဲမှာ ပထမ ကမ္ဘာစစ် နှစ် (၁ဝဝ) ပြည့် အမှတ်တရ ပစ္စည်းတွေ ကို
လေလံတင်ရောင်းချသွားမည်ဖြစ်တယ်လို့ လေလံပွဲမန်နေဂျာ ဂျိမ်းစ်ဆဒ်လာက
ပြောပါတယ်။
SOURCE;CNN

ဘာသာပြန် David

The Myanma Age