လိမ္မော်ရောင်ခြင်္သေ့ဝတ်စုံများဖြင့် နယ်သာလန်ပရိသတ်များ အားပေးရသည့်အကြောင်းအရင်း

ပို့စ်တင်ချိန် - 6/13/2014 07:16:00 AM





လန်ဒန်− ကမ္ဘာ့ဖလားပွဲဝင် နယ် သာလန်အသင်း ကစားသည့် ပွဲ များတွင် ၎င်းတို့ပရိသတ်များမှာ လိမ္မော်ရောင်ဝတ်စုံများ ဆင်တူ ဝတ်ပြီး အားပေးခြင်းနှင့် ခြင်္သေ့ပုံ တံဆိပ်များဖြင့် အားပေးကြခြင်းကို တွေ့ရမည်ဖြစ်သည်။ နယ်သာလန်အသင်းအတွက် လိမ္မော်ရောင် ဝတ်ဆင်ခြင်းမှာ လိမ္မော်ရောင်ဝီလီယံဟု အမည်ရသည့် သမိုင်းဝင် ဒတ်ခ်ျခေါင်းဆောင်တစ်ဦးကို ရည်ညွှန်းခြင်းဖြစ်သည်။

ဝီလီယံသည် (၁၆)ရာစုအ တွင်း စပိန်တို့ကို တော်လှန်ခဲ့သည့် ၁၈ နှစ်ကြာ စစ်ပွဲအတွင်းမှ ခေါင်း ဆောင်တစ်ဦးဖြစ်ပြီး ထိုအချိန်မှစ၍ နယ်သာလန် ဂူဇန်သူပုန်များ သည် မူလ အနီရောင်အမျိုးသား အလံမှ လိမ္မော်ရောင်အလံသို့ ပြောင်းလဲသုံးစွဲလာရင်း နိုင်ငံ တော် သင်္ကေတသဖွယ်ဖြစ်လာ ခြင်းဖြစ်သည်။

 ခြင်္သေ့ရုပ်သင်္ကေတမှာမူ ရောမအင်ပါယာဘုရင် ချားလ်စ်-၅ က နယ်သာလန်ဒေသကို ၁၅၁၅ခုနှစ်က အုပ်စိုးခဲ့စဉ်အတွင်း နယ် သာလန်၏ အမှတ်အသားဖြင့် သုံးခဲ့ခြင်းဖြစ်ကာ ထိုမှ အစဉ်အဆက် သုံးလာခြင်းဖြစ်သည်။

နယ်သာလန်ဘောလုံးအဖွဲ့ ချုပ်သည် ခြင်္သေ့ပုံကို ၎င်းတို့ လိမ္မော်ရောင်ဂျာစီအင်္ကျီပေါ်တွင် ၁၉၀၇ ခုနှစ်က ဘယ်လ်ဂျီယမ်ကို ၃-၁ ဂိုးဖြင့် နိုင်ခဲ့သောပွဲတွင် စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ နယ်သာလန် ပရိသတ်များသည် ၁၉၅၀ တွင် ရေးစပ်သော ‘‘Hup Holland Hup’’သီချင်းဖြင့် နိုင်ငံအသင်းကို တက်ကြွစွာ အားပေးလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နယ်သာလန်ဘောလုံးအဖွဲ့ချုပ် KNVB သည် ပြီးခဲ့သည့်နှစ်က ကိုလံဘီယာနှင့် ခြေစမ်းပွဲတွင်လည်း ပရိသတ်များကြား လိမ္မော်ရောင် ဝတ်စုံများဖြင့် ကွင်းအတွင်းသို့ တက်ကြွစွာ အားပေးနိုင်ရန် လက်မှတ် ၅၀၀ ဝေပေးခဲ့ရာ ထိုအစဉ်အလာမှာ နယ်သာလန်ကစားသောပွဲတိုင်းတွင် ပရိသတ်များကြား လိမ္မော်ရောင်ဝတ်စုံများကို အများအပြားမြင်တွေ့ရသည့် အစဉ်အလာလည်း ဖြစ်လာသည်။

ထို့အပြင် ပရိသတ်များက လိမ္မော်ရောင်ဝတ်စုံများဝတ်ကာ ကွင်းလုံးပြည့်လုနီးပါး အားပေးခဲ့မှု များကြောင့် အသင်းသည် ၁၉၈၈ တွင် ဥရောပချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့ဖလားဗိုလ်လုပွဲ သုံးကြိမ် တက်ရောက်နိုင်ခဲ့ခြင်း စသည့် အောင်မြင်မှုများရရှိခဲ့ရာ ယခုနှစ် ကမ္ဘာ့ဖလားတွင်လည်း ဘရာဇီး ၌ ကွင်းထဲတွင် လိမ္မော်ရောင်များ ကို မြင်တွေ့ရဦးမည်ဖြစ်သည်။

7day daily