အမောဆို့လောက်တဲ့ မွေးနေ့အထိမ်းအမှတ်

ပို့စ်တင်ချိန် - 2/15/2014 08:19:00 PM


ဒိန်းမတ်ကလပ် အိုးဒန့်စီဟာ လိဂ်ပြိုင်ပွဲမှာ အရေးကြီးပွဲစဉ် ကစားဖို့ရှိပေမယ့် သူတို့အသင်းဖော်ဟန်ဆန်ရဲ့ ၂၅နှစ်ပြည့် မွေးနေ့ ကိုတော့ ဝေေ၀ဆာဆာ ဂုဏ်ပြုခဲ့ကြ ပါတယ်။ အရေးကြီးပွဲစဉ်အတွက်
လေ့ကျင့်ရေး အစီအစဉ်အပြီးမှာ အိုးဒန့်စီ အသင်းသားတွေဟာ ဟန်ဆန်ကို ၀ိုင်းချုပ်ပြီး အသင့်ဝယ်ထားတဲ့ နှာချေမှုန့်
တွေ လောင်းချခဲ့ပါတယ်။

နှာချေမှုန့် ၄ကီလိုဂရမ်လုံးကို လောင်းချခဲ့တာဖြစ်ပြီး ဟန်ဆန်အတွက်တော့ နှာချေနေတာနဲ့ကို အမောဆို့သွားနိုင်ပါတယ်။ ဟန်ဆန်အတွက်တော့ ၂၅နှစ်ပြည့် မွေးနေ့ပွဲ အဖြစ်အပျက်ကို တစ်သက်တာ မေ့နိုင်တော့မှာ မဟုတ်တာတော့ သေချာပါတယ်။

@z (ရိုးရာလေး)