iPad တွေက Windows ထက်အရင် Microsoft Office သုံးလို့ရတော့မည်

ပို့စ်တင်ချိန် - 2/15/2014 07:36:00 PM


မကြာခင်အချိန်မှာ Microsoft Office ကို iPad မှာသုံးလို့ရတော့ မည်ဖြစ်ကြောင်း Microsoft ရဲ့ Marketing Vice President ဖြစ်သူ Tami Reller ကကုမ္ပဏီကိုယ်စားပြုပြောကြားလိုက်သည်။

Micorsoft က Office ကို Windows အတွက်အရင်ထုတ်ခဲ့တာ ဖြစ်ပြီးလာမဲ့နှစ်ကနေစပြီး iPad တွေအတွက်အရင်ထုတ်ပေးတော့ မည်ဟုသိရသည်။

ယင်းအစီအစဉ်ကို Microsoft ၏ CEO ဖြစ်သူ Steve Ballmer ရဲ့သဘောတူညီကိုရယူပြီးမှပြုလုပ်တာဖြစ်ပြီး iPad တွေမှာ အမြန်ဆုံးသုံးစွဲနိုင်ရန်ပြင်ဆင်နေကြောင်း Office Team ကပြောကြားထားသည်။

iPad အတွက် Microsoft Office ကို ၂၀၁၄ခုနှစ်နှစ်လယ်အတွင်း မှာထုတ်လုပ်သွားမည်ဟုခန့်မှန်းထားပြီး အသေးစိတ်အချက်အလက်ကို မူထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

Wai Phyo Aung (TSJ Team)
TechSpace Journal