ဖုန်း Cover အရောင်ကိုမိမိစိတ်ကြိုက်ပြုပြင်ပြီးဝယ်ယူနိုင်မည်ဟု HTC ဆို

ပို့စ်တင်ချိန် - 2/15/2014 07:36:00 PM


HTC ကုမ္ပဏီက HTC One Cover အရောင်ကိုမိမိ စိတ်ကြိုက်ရွေး ချယ်ပြုပြင်ပြီးမှဝယ်ယူနိုင်မဲ့ Service တစ်ခုကိုတိုးမြှင့်ပြုလုပ်လိုက် ကြောင်းသိရသည်။

အဆိုပါအစီအစဉ်ကို Double Dip Case တွေမှာပဲလုပ်လို့ရမှာဖြစ်ပြီး HTC One ဖုန်းတွေအတွက်ပဲရရှိ မည်ဖြစ်သည်ဟုသိရသည်။

Double Dip Case ဟာအစိတ်အပိုင်းသုံးခုနဲ့တည်ဆောက်ထားတာဖြစ်ပြီး ယင်းအစိတ်အပိုင်း သုံးခုမှာမိမိစိတ်ကြိုက်အရောင်တွေကိုပြောင်းလဲပြီး Pre Order မှာလို့ရမှာပဲဖြစ်ပါသည်။

လက်ရှိမှာတော့ Glacier Grey ၊ Neon Lemon ၊ Atlantis ၊ Bright Peach ၊ Navy ၊ Blaxer နှင့် Pastel Blue စတဲ့အရောင် (၇)မျိုးကိုပဲပြောင်း လဲနိုင်မှာဖြစ်ကြောင်း ဖော်ပြထားသည်။

မိမိစိတ်ကြိုက်ပြောင်းလဲထားတဲ့ Double Dip Case ကို HTC ရဲ့ Offical Website မှာအမေရိကန်ဒေါ်လာ ၂၉.၉၉ကျပ်နဲ့မှာ ယူနိုင်မှာဖြစ်ကြောင်းပြောဆိုထားသည်။

Wai Phyo Aung (TSJ Team)
TechSpace Journal