၁ လတည်းနှင့် ဟိုတယ် ၂၄ လုံး ဖွင့် ခွင့်ပြု

ပို့စ်တင်ချိန် - 2/15/2014 04:52:00 PM

EXCEL HOTEL

နိုင်ငံခြားခရီးသည် ၀င်ရောက်မှု မြင့်တက်လာတဲ့ အခြေအနေကြောင့် ဟိုတယ်လုပ်ငန်းမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံသူများလာပြီး ၂၀၁၄ ဇန်န၀ါရီ ၁ လတည်းမှာကို အခန်းစုစုပေါင်း ၁ ထောင်နီးပါး ပါဝင်မယ့် ဟိုတယ်၂၄ လုံး ဖွင့်လှစ်ခွင့်ပေးခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီ အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဟိုတယ် ၉၄၇ လုံး၊ အခန်းစုစုပေါင်း ၃ သောင်းခွဲကျော်
ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အတွက် ကျပ်ငွေ ဘီလီယံ ၂၅၀ ကျော် ရင်းနှီးလုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

DVB Burmese